ရွှေတောင်မြို့နယ် တွင်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအားမြို့နယ် ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် တွင်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအားမြို့နယ် ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ဆောင်ရွက်





MNP  -  ဒီဇင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် မြို့နယ် ပြည်သူ့ဆေးရုံတွင်ယနေ့ နံနက်ပိုင်းက( ၇၅)

နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဦးဆောင်လမ်းညွှန်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ် ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ဆောင်ရွက် ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးသန့်နှင့်ကျန်းမာရေး ဝန်ထမ်းများ၊ဌာနဆိုင်ရာအကြီးအကဲများ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်   ( ၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး များတက်ရောက်ခဲ့ကြပြီးအငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအားကျန်းမာရေး စောင့်ရှောက်မှုများကို လစဉ်( ၂၁)ရက်နှင့်  ( ၂၂) ရက်နေ့များတွင်ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှသိရသည်။

ကိုကိုမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)