MNP ၊ ဒီဇင်ဘာ ၇
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက စာကြည့်တိုက်သို့ အလုပ်မအားလပ်၍ မလာရောက်နိုင်သည့် ဌာနဆိုင်ရာရုံးဝန်ထမ်းများနှင့် စာဖတ်ပရိတ်သတ်များအား စာပေဖတ်ရှုမှု အဆင်ပြေစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက်( အခမဲ့)ငှားရမ်း ဝန်ဆောင်မှုပေးလျက်ရှိရာ ယနေ့ နေ့လယ်၁၂နာရီက မြို့နယ်အခွန်ဦးစီးဌာနမှူး ရုံးဝန်ထမ်းများအား သွားရောက်ငှားရမ်း ပေးခဲ့သည်။
မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့်စာအုပ်များဌားရမ်းပေးရာတွင် သုတ/ရသ/ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များကို တစ်ပတ် ငှားရမ်းပြီး တစ်ပတ်ပြည့်လျှင် စာအုပ်အသစ်ဖြင့် ပြန်လည် လဲလှယ်ငှားရမ်းပေးသည့် စနစ်ဖြင့်(အခမဲ့)ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment