ပေါက်တောမြို့တွင် ဌာဆိုင်ရာများပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့တွင် ဌာဆိုင်ရာများပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်




MNP  -  ဒီဇင်ဘာ  ၂၁

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် ဌာဆိုင်ရာများ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁နာရီ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့​သည်။

အစည်းအဝေးတွင်  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းက ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲကို (၂၂)ရက်နေ့တွင် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ မပျက်မကွက် ပါဝင်ဆင်နွှဲကြရန်၊ ပွင့်လင်းရာသီရောက်ရှိနေပြီဖြစ်သည့်အတွက်ဌာနဆိုင်ရာရုံးများ ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ရုံးပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် ရုံးတွင်း/ပြင် သန့်ရှင်းရေးဆောင်ရွက်ထားကြရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကိစ္စရပ်များအလေးထားဆောင်ရွက်ထားရှိစေလိုပါကြောင်း၊ လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရန်အတွက်  မြို့နယ် ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီများနှင့် မြေပြင်တစ်အိမ်တက်ဆင်းကောက်ယူရေးအဖွဲ့ (Working Group) ၏ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ မြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးကိစ္စရပ်များကို အလေးထား ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ် ဌာဆိုင်ရာများက မိမိတို့၏ ဌာနလုပ်ငန်းအခြေအနေများသက်ဆိုင်ရာ ကဏ္ဍများအလိုက် သိရှိလိုသည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက   ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)