ဘောလုံးလောကရဲ့ ဂန္ထဝင်ကစားသမားကြီး ပီလီ ကွယ်လွန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘောလုံးလောကရဲ့ ဂန္ထဝင်ကစားသမားကြီး ပီလီ ကွယ်လွန်






MNP - ဒီဇင်ဘာ  ၃၀


ဘောလုံးလောကရဲ့ အကြီးကျယ် အခမ်းအနား ဘောလုံးသမားတွေထဲက တစ်ဦး ဖြစ်တဲ့ ဘရာဇီး ဂန္ထဝင်ကစားသမားကြီး ပီလီဟာ မြန်မာစံတော်ချိန် ယနေ့ နံနက် ၂ နာရီအချိန်မှာ ကင်ဆာရောဂါဖြင့် အသက် ၈၂ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။


ပီလီကို ၁၉၄၀ ခုနစ် ဘရာဇီးနိုင်ငံမှာ မွေးဖွားခဲ့တာ ဖြစ်ပြီး ကစားသမားဘ၀ တစ်လျှောက် နိုင်ငံအသင်းအတွက် ပွဲပေါင်း ၉၂ပွဲ ပါဝင်ကစားထားပြီး ဂိုးပေါင်း ၇၇ ဂီုးသွင်းယူထားတာဖြစ်ပါတယ်။သူရဲ့ ကစားသမားဘ၀ ၂၁ နှစ်တာအတွင်း ပွဲပေါင်း ၁၃၆၃ ပွဲ ကစားခဲ့ပြီး ဂိုးပေါင်း ၁၂၈၁ ဂိုး သွင်းယူထားတာဖြစ်ပါတယ်။


အဆိုပါ ဘရာဇီးကစားသမားကြီးဟာ သူရဲ့ ကစားသမားဘဝမှာ ၁၉၅၈ ၊ ၁၉၆၂ ၊ ၁၉၇၀ ခုနစ် တွေမှာ ကမ္ဘာ့ဖလား ဆုကို သုံးကြိမ်တိတိ ရရှိခဲ့တဲ့ ဘောလုံးသမိုင်းရဲ့တစ်ဦးတည်းသော ကစားသမားဖြစ်ပါတယ်။၂၀၀၀ပြည့်နှစ်မှာတော့ ရာစုနှစ်ရဲ့ အကြီးကျယ်ဆုံး ကစားအဖြစ် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာရဲ့ သတ်မှတ်ခြင်းခံ ခဲ့ရတာလည်း ဖြစ်ပါတယ်။


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)