ဂွမြို့နယ်တွင် ဒီဇင်ဘာအားကစားလ (နောက်ဆုံးပတ်) စုပေါင်းလူထုလမ်းလျှောက်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် ဒီဇင်ဘာအားကစားလ (နောက်ဆုံးပတ်) စုပေါင်းလူထုလမ်းလျှောက်ပွဲ ကျင်းပ




MNP  -   ဒီဇင်ဘာ ၃၁

ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် တစ်မျိုးသားလုံး ကျန်း မာ ကြံ့ ခိုင် ရေးအတွက် စုပေါင်းလူထု အားကစားလ အဖြစ်ဒီဇင်ဘာအားကစားလ စုပေါင်းလူထု လမ်းလျှောက်ပွဲကို   မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှကြီးမှူး၍  မြို့နယ် အားကစားနှင့် ကာယပညာဦးစီဌာနက ဦးဆောင်ကျင်းပလာခဲ့ရာ ယခုဆိုလျှင် ဒီဇင်ဘာအားကစားလ (နောက်ဆုံးပတ်)သို့ ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။ 


ဒီဇင်ဘာအားကစားလ (နောက်ဆုံးပတ်)အဖြစ် ယနေ့နံနက် ၅ နာရီခွဲအချိန်က သိမ်ကုန်းဘုရားရှေ့မှ စတင်ကာ ဂွချောင်းတံတားထိပ်ထိ၊  ဂွချောင်းတံတားထိပ်မှ မြို့မအားကစားကွင်းအထိ တစ်ပျော်တပါး စုပေါင်းလမ်း လျှောက်ခဲ့ကြသည်။


 အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇာနည်ကျော်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဝန်ထမ်းများနှင့်ကျောင်းသား/ ကျောင်းသူများ၊ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ပျော်ရွှင်စွာပါဝင်စုပေါင်း၍ ကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြပြီးနောက်  လမ်းလျှောက်ပွဲတွင်ပါဝင်ဆင်နွှဲသူများအား ကောက်ညှင်းပေါင်း၊ အကြော်နှင့် လက်ဖက်ရည်များ ဧည့်ခံကျွေးမွေးခဲ့ ကြောင်းသိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)