ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲအား လက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲအား လက်ခံတွေ့ဆုံ




MNP ၊ ဒီဇင်ဘာ ၂၁

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration- IOM) ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ (Chief of Mission) ဖြစ်သူ Mr. Dragan Aleksoski အား နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၌ ယမန်နေ့က လက်ခံ တွေ့ဆုံဆွေးနွေးခဲ့သည်။


ထိုသို့ တွေ့ဆုံစဉ် IOM အနေဖြင့် မြန်မာနိုင်ငံရှိ ပြည်သူများအတွက် စနစ်တကျ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ ဝန်ဆောင်မှုများနှင့် အကူအညီများပေးအပ်လျက်ရှိသည့် အခြေအနေနှင့်ပတ်သက်၍လည်းကောင်း၊ IOM ၏ မြန်မာ နိုင်ငံ၌ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်းကောင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)