ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပရိယတ္တိသာသနပါလက စာပွဲတော်ကြီးအောင်လက် မှတ်ဆက်ကပ်လှူဒါန်းခြင်းမင်္ဂလာ အခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပရိယတ္တိသာသနပါလက စာပွဲတော်ကြီးအောင်လက် မှတ်ဆက်ကပ်လှူဒါန်းခြင်းမင်္ဂလာ အခမ်းအနားသို့တက်ရောက်

 



MNP - ဒီဇင်ဘာ ၈


ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ပွေးလှကျောက်တောကျောင်း တိုက်၌ ယမန်နေ့ မွန်းလွဲ  ၁ နာရီအချိန်က ပရိယတ္တိသာသနပါလက စာပွဲတော်ကြီးအောင်လက်မှတ် ဆက်ကပ်လှူဒါန်းခြင်းနှင့်ဘွဲ့တံဆိပ်တော်ရ အရှင်သူမြတ်တို့အား ဂုဏပူဇာသဘင် မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ရပ်ဝေးရပ်နီးမှ ဓမ္မမိတ်ဆွေများက ဘွဲ့တံဆိပ်တော်ရ အပူဇော်ခံအရှင်သူမြတ်တို့အား ရှိခိုးကန်တော့ခဲ့ကြသည်။


ဆက်လက်၍ သာသနာဓဇဓမ္မာစရိယ၊ သာသနတက္ကသီလမဟာစမ္မာစရိယ၊ သာသနတက္ကသီလဓမ္မာစရိယဘွဲ့ရ အရှင်သူမြတ်တို့အား ဂုဏပူဇာနှင့် ပွေးလှသာသနဝံသပါလက ပရိယတ္တိဓမ္မာစရိယဘွဲ့ တံဆိပ်တော်များ၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးခဲ့ကြသည်။ ထို့နောက် စာပွဲတော်နာယက ကျောက်ဆင့်တောရ မိုးကောင်းကျောင်းဆရာတော်ကြီးအား ကန်တော့၍ ငါးပါးသီလ ခံယူဆောက်တည်ကြကာ သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဇျာယ် တော်မူသည့်မေတ္တာသုတ် ပရိတ်တရားတော်ကို နာယူခဲ့ကြသည်။


ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ သာသနာရေးဆိုင်ရာများ လျှောက်ထား၍ စာပြန်၊ စာဖြေပွဲတော်ကြီး အတွက်ဓနုကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ လှူဒါန်းငွေကျပ်သိန်း ၂၀ ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ မိသားစု၏အလှူ ငွေကျပ် ၁၅ သိန်းတို့အား ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဦးအာကာလင်းနှင့် ဇနီးဒေါ်ခင်စန္ဒာစိုးတို့မှ ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်းသိရပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အမျှပေးဝေကာ (၆၆ )ကြိမ်မြောက် စာလျှောက်မေးပွဲတော်ကြီးနှင့် (၆၈)ကြိမ်မြောက် အာဂုမ်စာပြန်ပွဲတော်ကြီး မင်္ဂလာအခမ်းအနားကို "ဗုဒ္ဓ သာသနံစိရံ တိဋ္ဌထု " သုံးကြိမ်ရွတ်ဆို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။


သတင်း - အောင်ကိုဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)