ဆင်ပေါင်ဝဲမြို့နယ်၊ စံပြကျေးရွာ(၂)ရွာသို့ အောင်လံခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဆင်ပေါင်ဝဲမြို့နယ်၊ စံပြကျေးရွာ(၂)ရွာသို့ အောင်လံခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး


35


MNP  -  ဒီဇင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်အေးကျော်နှင့် အဖွဲ့ဝင်များ၊ ဆင်ပေါင်ဝဲမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့က ဆင်ပေါင်ဝဲမြို့နယ်၊ စံပြကျေးရွာ(၂)ရွာဖြစ်သည့် ရွာသစ်ကျေးရွာ နှင့် လွန်ချီကျေးရွာများသို့ ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ အဆိုပါ အဖွဲ့များသည် ဦးစွာပထမ ရွာသစ်ကျေးရွာရှိ ကောင်းမြတ်မွန်စာကြည့်တိုက်သို့ ရောက်ရှိပြီး ရွာသစ်ကျေးရွာ အမျိုးသမီးရေးရာ အဖွဲ့ဝင် များနှင့် တွေ့ဆုံကာ ဒေသတွင်းလှုပ်ရှားဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြကာ ပြသထားသည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်အား စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြသည်။


ထို့နောက် ရွာသစ်ကျေးရွာနှင့် လွန်ချီစံပြကျေးရွာတို့တွင် စက်ချုပ်သင်တန်းဆောင်ရွက်နေမှု၊ အမှိုက်ပုံးများ စနစ်တကျ ထားရှိမှု ရှိ/မရှိ၊ သောက်သုံးရေကန်များ သန့်ရှင်းမှုရှိ/မရှိ၊ အိမ်သာများ သန့်ရှင်းမှုရှိ/မရှိ စစ်‌ဆေးခဲ့ကြပြီး ကျေးရွာများရှိ သက်ကြီး ဘိုးဘွားများအား ငွေသားနှင့် လှူဖွယ်ပစ္စည်းများကို အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းကန်တော့ခဲ့ကြပြီး လွန်ချီစံပြ ကျေးရွာ ရှိ မူကြိုကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသူ၊ ကျောင်းသားများအား အာဟာရနို့ဆန်ပြုတ်များ ကျွေးမွေးခဲ့ကြောင်း သိရသည်။


နိုင်လင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages