မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကို တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကို တက်ရောက်





MNP  -  ဒီဇင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာဖြူဖြူအိ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြောင်းကြကြောင်း သိရသည်။


အခမ်းအနားတွင်  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်  ဦးမောင်ကိုက အဖွင့်အမှာစကား ပြောကြားရာတွင်  ပညာသင်ကြာလေ့လာနေကြသည့် ကျောင်းသားကျောင်းသူများ ဆရာ၊ ဆရာမများအား အားပေးချီးမြောက်ရန် လာရောက်ခြင်းဖြစ်ပါကြောင်း၊ ပညာသင်ကြားရေးအတွက် လိုအပ်သည်များ ထောက်ပံ့ပေးရန်နှင့် တိုင်းဒေသကြီးအတွင်း အေးချမ်းသာယာအောင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်မှ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ဦးတည်ချက်(၉)ရပ်ကို အကောင်အထည် ဖော်ဆောင်ရွက်နေပြီး ဦးတည်ချက် (၉)ရပ်ထဲမှ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြှင့်တင် ရေးကို နိုင်ငံတစ်ဝှမ်း ပညာရေးမူဝါဒများ ချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး အစိုးအရအဖွဲ့မှ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များနှင့် အညီ  တိုင်းဒေသကြီးအတွင်းရှိ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းနေပျော်၍ စိတ်ဓာတ်မြင့်မား တက်ကြွစေရေးတို့အတွက် ဆရာဆရာမများ ကျောင်းသားကျောင်းသူများအား  အားပေး ထောက်ပံ့လျက်ရှိပါကြောင်း၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် ကျောင်းသားကျောင်းသူ ၃၂၄၈ဦး တက် ရောက် ပညာသင်ကြားလျက်ရှိသည်ကို တွေ့ရသည့်အတွက် တိုင်းပြည်အတွက် အင်မတန်မှ ဝမ်းမြောက်မိ ပါကြောင်း၊ တိုင်းပြည်တွင် ပညာတက်နည်းပါးလာပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နည်းပါးလာနိုင်ကြောင်း၊ ပညာတက်များ ပေါများသည့်နိုင်ငံတိုင်းဟာ ဖွံ့ဖြိုးတိုးတက်ကြပါကြောင်း၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်များမှ နိုင်ငံအတွက် လူစွမ်းအားအရင်းအမြစ် မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ ဒါကြောင့် ၂၀၂၂-၂၀၂၃ပညာသင်နှစ် မိတ္ထီလာစီးပွားရေး တက္ကသိုလ်မှ မောင်မယ်သစ်လွင်များအနေဖြင့် နောင်အနာဂတ်တွင် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ကြမည့် ခေါင်းဆောင်ကောင်းများဖြစ်လာကြရန် ရည်မှန်းချက် ပန်းတိုင်ထားကြပြီး မိမိရည်ရွယ်ချက်ပြည့်မြောက် အောင်မြင်အောင် ကြိုးစားဆောင်ရွက်သွားကြပါရန် ပြောကြားခဲ့သည်။


၎င်းနောက် မိတ္ထီလာစီးပွားတက္ကသိုလ်မှ ခေတ္တပါမောက္ခချုပ် ဒေါက်တာ ဖြူဖြူအိက မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်ပြောကြားပြီး  ဒုတိယပါမောက္ခချုပ် ဒေါက်တာ မော်မော်ခင်က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် သင်တန်းရေးရာများအကြောင်းကို ပြောကြားခဲ့သည်။ ယင်းနောက် မေဂျာဌာနများကိုယ်စား ပါမောက္ခ၊ဌာနမှူးများက မိတ်ဆက်ခဲ့ပြီး ကျောင်းသားကျောင်းသူများက မြန်မာ့ရိုးရာအကများ၊ တေးသံသာများဖြင့် ဖျော်ဖြေခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မိတ္ထီလာ စီးပွားရေးတက္ကသိုလ်အတွက် ထောက်ပံ့ငွေကျပ် သိန်းနှစ်ဆယ်နှင့် ကပြသီဆိုသွားကြသည့် ကျောင်းသား/ကျောင်းသူများအား ငွေကျပ် ဆယ်သိန်းတို့အား ပေးအပ်ခဲ့ရာ ခေတ္တပါမောက္ခချုပ် ဒေါက်တာဖြူဖြူအိနှင့် တာဝန်ရှိသူများက   လက်ခံခဲ့ကြောင်း သိရသည်။


မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် ပထမနှစ်၌ ကျောင်းသားကျောင်းသူ ၁၁၃၀ဦး တက်ရောက်ပညာသင်ကြားလျက်ရှိရာ ပါရဂူဘွဲ့၊ မဟာဘွဲ့၊ ဒီပလိုမာဘွဲ့၊ ဘွဲ့ကြိုကျောင်းသား ကျောင်းသူများအပါအဝင် ကျောင်းသားကျောင်းသူ ၃၂၄၈ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။


သိန်းမြင့်ကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)