ပေါက်တောမြို့တွင် ဌာဆိုင်ရာများပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့တွင် ဌာဆိုင်ရာများပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်



MNP ၊  ဒီဇင်ဘာ  ၁

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် ဌာဆိုင်ရာများ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင်  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းက ပေါက်တောမြို့နယ်ရှိ သမိုင်းဝင်ဆံတော်ရှင်ဘုရားပွဲတော်ကျင်းပရန်ကိစ္စနှင့်ပတ်သက်၍ ကော်မတီများဖွဲ့စည်း၍ တာဝန်ပေး ဆောင်ရွက်သွားရေးနှင့် လိုအပ်ချက်များအား ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြောင်း၊ အပတ်စဉ်စနေနေ့တိုင်း မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများစုပေါင်းသန့်ရှင်းရေးကို ဌာနဆိုင်ရာများအနေဖြင့် မပျက်မကွက်လာရောက်ကြစေလိုကြောင်း၊ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မိမိတို့ရုံးဌာနများအား ဥပဓိရုပ် ကောင်းမွန်စေရေးနှင့် ရုံးတွင်း/ပြင် သန့်ရှင်းရေးအား ဆောင်ရွက်ထားရှိစေလိုပါကြောင်း၊  ဌာနဆိုင်ရာများ မြို့နယ်ပြင်ပထွက်ခွါမည်ဆိုပါက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံတိုင်ကြားပြီးမှ ခွင့်ပြုချက်ရရှိမှသာ သွားလာကြစေလိုကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပေးရာတွင် ထိုးနှံသူများ ကျန်ရှိမှုမရှိစေရေးအတွက် ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်  ဆောင်ရွက်ကြစေလိုပါကြောင်းနှင့် မြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးတို့ကို  အလေးထားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။


ထို့နောက် မြို့နယ် ဌာဆိုင်ရာများက မိမိတို့၏ ဌာနလုပ်ငန်းအခြေအနေများသက်ဆိုင်ရာ ကဏ္ဍများအလိုက် သိရှိလိုသည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)