မင်းကင်းမြို့တွင်(၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အကြို သံလုံးပစ်၊ လှံတံပစ်နှင့် မီတာ (၁၀၀)၊(၄၀၀)၊(၈၀၀)အပြေးပြိုင်ပွဲများ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းကင်းမြို့တွင်(၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အကြို သံလုံးပစ်၊ လှံတံပစ်နှင့် မီတာ (၁၀၀)၊(၄၀၀)၊(၈၀၀)အပြေးပြိုင်ပွဲများ ပြုလုပ်

 



MNP - ဒီဇင်ဘာ  ၁၈


စစ်ကိုင်းတိုင်းဒေသကြီး၊  ကလေးခရိုင်၊ မင်းကင်းမြို့တွင် ဇန်နဝါရီ ၄ ရက်နေ့၌ ကျရောက်မည့်(၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သံလုံးပစ်၊ လှံတံပစ်၊ မီတာ(၁၀၀)၊(၄၀၀)၊(၈၀၀)အပြေးပြိုင်ပွဲများအား ယနေ့နံနက် ၁၀ နာရီကပြည်သူ့အားကစား ကွင်းကြီး၌ ပြုလုပ်ခဲ့သည်။


အဆိုပါ ပြိုင်ပွဲများကို မြို့နယ်စီမံအုပ်ချုပ်ရးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများက ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိသူများအား (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့၌ ဆုများအသီးသီး ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဒေါ်ကျိန်ငိုက်မန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)