မအီမြို့တွင် ပညာရေးစုံညီပွဲတော်အထိမ်းအမှတ်နှင့် (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် ပညာရေးစုံညီပွဲတော်အထိမ်းအမှတ်နှင့် (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများကျင်းပ




MNP -  ဒီဇင်ဘာ    ၂၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ဂျီဖြူတောင်ကျေးရွာ အထက်တန်းကျောင်း(ခွဲ)တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အထိမ်းအမှတ်နှင့် (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက စတင်၍ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။


အားကစားပြိုင်ပွဲများကို အထက်တန်း/အလယ်တန်း/မူလတန်းအဆင့် ကျောင်းသူကျောင်းသားများက ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ပြိုင်ပွဲများအနေဖြင့် ဘောလီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ထုပ်ဆီးထိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲနှင့် စံကောရွက်ပြိုင်ပွဲ များကို အထက်တန်း/အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများက အသင်းလိုက်ယှဉ်ပြိုင် ပွဲ၊ တစ်ဦးချင်းနှင့် အတွဲလိုက်ပြိုင်ပွဲများအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အိတ်စွပ်ပြေးပြိုင်ပွဲ၊ အပ်ချည်ထိုးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲနှင့် အင်္ကျီဝတ်ပြိုင်ပွဲများကို မူလတန်းအဆင့် ကျောင်းသားကျောင်းသူများက ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။


ဖော်ပြပါ အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ(၂၈)ရက်နေ့မှ စတင်၍ ဇန်နဝါရီ(၄)ရက် (စိန်ရတုလွတ်လပ်ရေးနေ့)အထိ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပါကြောင်း၊ အားကစားပြိုင်ပွဲများ၌ ဆုရရှိသူများကို ဇန်နဝါရီ (၅/၆)ရက်နေ့များတွင် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ပြီး ညနေပိုင်းတွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ အ ထ က(ခွဲ) ဂျီဖြူတောင်၏ ပညာရေးစုံညီပွဲတော် ပဒေသာကပွဲကို ဆက်လက်ဆောင်ရွက် ကျင်းပသွားမည် ဖြစ်ပါကြောင်းနှင့် အဆိုပါ ဆုချီးမြှင့်ပွဲတွင် ဒီဇင်ဘာ(၁)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် (၄၈)နှစ်မြောက်၊ ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ကျောင်းသားကျောင်းသူများကိုလည်း တစ်ပါတည်း ဆုချီးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်းတို့ကို ဖော်ပြပါ အ ထ က(ခွဲ) ဂျီဖြူတောင်ကျောင်းမှ ကျောင်းအုပ်ကြီး ဦးဇော်ဇော်ထွန်းက ပြောကြားခဲ့သည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)