ဒုတိယဝန်ကြီး ဦးဝင်းဖေ ဘားလားတူးမြောင်းတံတား၊ ဘားလားချောင်းတံတားဟောင်း တံတားနှင့် ဖက်လက်တံတားတည်ဆောက်ရေးစီမံကိန်းနှင့် ကွမ်းခြံကုန်းမြို့ရှောင်လမ်း ဖောက်လုပ်နေမှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးဝင်းဖေ ဘားလားတူးမြောင်းတံတား၊ ဘားလားချောင်းတံတားဟောင်း တံတားနှင့် ဖက်လက်တံတားတည်ဆောက်ရေးစီမံကိန်းနှင့် ကွမ်းခြံကုန်းမြို့ရှောင်လမ်း ဖောက်လုပ်နေမှု ကြည့်ရှုစစ်ဆေး


MNP  -  ဒီဇင်ဘာ ၃၀

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ဖျာပုံ - ကျုံကဒွန်း - ဒေါ်ညိမ်း- အမာလမ်းပေါ်ရှိ တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၁၅) မှ တည်ဆောက်နေသည့် ဘားလား တူးမြောင်းတံတား၊ ဘားလားချောင်းတံတားဟောင်း တံတားနှင့် ဖက်လက်တံတား တည်ဆောက်ရေး စီမံကိန်းနေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ တာဝန်ခံအင်ဂျင်နီယာ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးရဲနိုင်ဦးက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်း မြင့်က လိုအပ်သည်များ ဖြည့်စွက် ရှင်းလင်းတင်ပြသည်။


ယင်းနောက် ဒုတိယဝန်ကြီးက သတ်မှတ်ဘဏ္ဍာနှစ်အလိုက် လျာထားလုပ်ငန်းများ အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရာတွင် ဆောင်ရွက်ပြီးလုပ်ငန်း၊ ဆောင် ရွက်ဆဲလုပ်ငန်းနှင့် ဆောင်ရွက် ရန်ကျန် လုပ်ငန်းများအလိုက် စနစ်တကျ စီမံချက်ရေးဆွဲဆောင်ရွက်ရန်၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး အထူးဂရုပြုရန်၊ သတ်မှတ်ဒီဇိုင်းပုံစံအတိုင်း ဆောင်ရွက်ရန်နှင့် စံချိန်စံညွှန်း ပြည့်မီရေး အထူးဂရုပြုဆောင်ရွက်ရန် မှာကြားသည်။


မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကွမ်းခြံကုန်းမြို့ ရှောင်လမ်း ( 0 Km မှ 4.02 Km အတွင်း) ၂၄ ပေအကျယ် ကွန်ကရစ်လမ်း ဖောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားသည်။ ကွမ်းခြံကုန်းမြို့ရှောင်လမ်းကို ၂၀၁၉ ခုနှစ်မှ စတင်ဖောက်လုပ်၍ ၂၀၂၃ ခုနှစ်တွင် အပြီးဆောင်ရွက်မည်ဖြစ်သည်။ ကွမ်းခြံကုန်းမြို့ရှောင် လမ်းဖောက်လုပ်ပြီးစီးပါက ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ထုတ်ကုန်များကို သီလဝါဆိပ်ကမ်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ လွယ်ကူလျင်မြန်စွာပို့ဆောင်နိုင်မည်ဖြစ်ပြီး ပြည်ပနိုင်ငံများမှ သွင်းကုန်များကိုလည်း ရန်ကုန်တိုင်းဒေသကြီးမှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်များအနှံ့ လွယ်ကူစွာ ဖြန့်ဖြူးနိုင်မည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)