မော်လိုက်မြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားနှင့် အထိမ်းအမှတ်အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများကျင်းပနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လိုက်မြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားနှင့် အထိမ်းအမှတ်အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများကျင်းပနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 



MNP - ဒီဇင်ဘာ  ၃


စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားနှင့်အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးအေးလွင်က အဖွင့်အမှာစကားပြောကြားရာတွင် “(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားနှင့် အထိမ်းအမှတ်အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးသက်ဆိုင်ရာဌာနများအလိုက် ကော်မတီများဖွဲ့စည်းပေးထားပြီးဖြစ်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် အလေးထားဆောင်ရွက်သွားကြရန်၊ ယခုအစည်းအဝေးတွင်လည်း သက်ဆိုင်ရာကော်မတီဥက္ကဋ္ဌများမှ မိမိတို့အား တာဝန်ပေးအပ်ထားသည့် ကဏ္ဍများအလိုက် ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ချက်များအား ရှင်းလင်းတင်ပြဆွေးနွေးသွားကြရန်လိုအပ်ကြောင်း” ပြောကြားခဲ့သည်။


ထို့နောက် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များအား ဆွေးနွေးတင်ပြခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့သည်။


မော်လိုက်မြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် စာပေပြိုင်ပွဲများအနေဖြင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ကာတွန်းပြိုင်ပွဲများကို ကျင်းပသွားမည်ဖြစ်ပြီး အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများအနေဖြင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကျား(ကြီး)/မ(ကြီး) လွန်ဆွဲပွဲ၊ ကျား/မဘော်လီဘောပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ပြေး/ခုန်/ပစ်ပြိုင်ပွဲမျိုးစုံနှင့် ပျော်ပွဲရွှင်ပွဲပြိုင်ပွဲမျိုးစုံတို့ကို ဒီဇင်ဘာလ(၂၇)ရက်နေ့မှ ဇန်နဝါရီလ(၃)ရက်နေ့အထိ ခရိုင်ပြည်သူ့အားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။    


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)