လားရှိုးမြို့ ဆုံကွယ်ကျေးရွာတွင် (ဆောင်း)နေကြာစုပေါင်းမျိုးစေ့ချစိုက်ပျိုးခြင်းနှင့် မျိုးစေ့မြေဩဇာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့ ဆုံကွယ်ကျေးရွာတွင် (ဆောင်း)နေကြာစုပေါင်းမျိုးစေ့ချစိုက်ပျိုးခြင်းနှင့် မျိုးစေ့မြေဩဇာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ



MNP  -   ဒီဇင်ဘာ   ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ် ဆုံကွယ်ကျေးရွာတွင် ယမန်နေ့နံနက်(၉)နာရီအချိန်က (ဆောင်း)နေကြာစုပေါင်းမျိုးစေ့ချစိုက်ပျိုးခြင်းနှင့် မျိုးစေ့မြေဩဇာပေးအပ်ပွဲအခမ်းအနားကျင်းပ ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးမင်းထွန်းက ‘နိုင်ငံတော်အနေဖြင့် ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် စားသုံးဆီဖူလုံစေရန်ရည်ရွယ်၍ သက်ဆိုင်ရာအစိုးရအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ ဒေသခံတောင်သူများနှင့် အားသွန်ခွန်စိုက်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လားရှိုးခရိုင်အတွင်း စားသုံးဆီဖူလုံမှုရာခိုင်နှုန်းမှာ ၃၇% ကျော်သာရှိသဖြင့် မြေပဲဆီ၊ နှမ်းဆီကဲ့သို့ ကျန်းမာရေးအတွက် အကျိုးပြုသည့်နေကြာဆီကို နှစ်စဉ်တိုးချဲ့စိုက်ပျိုးရန်လိုအပ်ပါကြောင်း၊ နေကြာအပါအဝင်ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရန်လိုအပ်ပြီး ဆီစက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာရန် အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ခရိုင်အတွင်းဆီဖူလုံမှုရာခိုင်နှုန်းတိုးတက်လာပြီး ကျန်းမာရေးနှင့်ညီညွှတ်သောဆီထွက်သီးနှံများ၊ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်ကြိုးပမ်းကြရန်လိုအပ်ပါကြောင်း’ ပြောကြားခဲ့သည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးမောင်မောင်အေးက (ဆောင်း)နေကြာစုပေါင်းမျိုးစေ့ချစိုက်ပျိုးခြင်းနှင့် မျိုးစေ့မြေဩဇာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများအား ခင်းကျင်းပြသထားသော မျိုးစေ့နှင့် မြေဩဇာများအား ရှင်းလင်းပြသခဲ့သည်။


ထို့နောက် လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက တောင်သူများအား မျိုးစေ့နှင့် မြေဩဇာများထောက်ပံ့ပေးအပ်ခဲ့ပြီး (ဆောင်း)နေကြာမျိုးစေ့ချစိုက်ပျိုးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)