ကျိန္တလီမြို့၌ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အပ်နှာဖားထိုးပြိုင်ပွဲနှင့် ပူဖောင်းဖောက်ပြိုင်ပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကျိန္တလီမြို့၌ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အပ်နှာဖားထိုးပြိုင်ပွဲနှင့် ပူဖောင်းဖောက်ပြိုင်ပွဲကျင်းပ


23

24

25


MNP  -   ဒီဇင်ဘာ  ၂၅

    ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာကြည့်တိုက်သို့ လာရောက်၍ စာဖတ်သည့် အလေ့အထကောင်းများ ဖြစ်လာစေရန်၊ အသိပညာဗဟုသုတများကို တိုးပွားလာစေရန်ရည်ရွယ်၍ ယမန်နေ့ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် အပ်နှာဖားထိုးပြိုင်ပွဲနှင့် ပူဖောင်းဖောက်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ သည်။


    အဆိုပါပြိုင်ပွဲတွင် ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/သူများကို နှစ်ယောက်တစ်တွဲစီတွဲ၍ အပ်နှာဖားထိုး ပြိုင်ပွဲကိုကျင်းပရာ မောင်ကောင်းဆက်ဟိန်းနှင့် မနှင်းအိစံတို့အတွဲမှ (ပထမဆု)ကို လည်းကောင်း၊ မဖူးနှင်းဝေနှင့်မချစ်စနိုးအောင်တို့အတွဲမှ (ဒုတိယဆု)ကိုလည်းကောင်း အသီးသီးရရှိခဲ့ကြသည်။ ဆက်လက်၍ ပူဖောင်းဖောက်ပြိုင်ပွဲကို ကျင်းပခဲ့ရာ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများက နှစ်ယောက်တစ်တွဲစီတွဲ၍  ယှဉ်ပြိုင်ကြရာ မဟေမာန်သင်းနှင့်မနှင်းနှင်းအေးတို့အတွဲမှ (ပထမဆု)ကိုလည်းကောင်း၊ မမိုးမြင့်ဟေမာန်ခင်နှင့် မနှင်းနီနီချိုတို့အတွဲမှ (ဒုတိယဆု)ကို လည်းကောင်း ရရှိခဲ့ကြသည်။ ထို့နောက် ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ မြို့ဦးစီးမှူးမှ ဆုရရှိသောကျောင်းသား/သူများအား လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages