ဝေါမြို့နယ်၌ ဒီဇင်ဘာ (နောက်ဆုံးပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝေါမြို့နယ်၌ ဒီဇင်ဘာ (နောက်ဆုံးပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ





MNP  -   ဒီဇင်ဘာ ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ပြည်သူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် (၆)နာရီ အချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးအောင်လင်းနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဝေါမြို့နယ်ခန်းမအရှေ့မှ အောင်မြင်ဆီဆိုင်ရှေ့အထိ ဒေသခံပြည်သူ စုစုပေါင်းအင်အား (၃၀၀) ဦးကျော်ခန့်က ပျော်ရွှင်တက်ကြွစွာဖြင့် ပါဝင်လူထုစုပေါင်းလမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။


ထို့နောက် မြို့နယ်အားကစားကွင်း၌ ကိုယ်ကာယအားကစားလေ့ကျင့်ခန်းလှုပ်ရှားမှုများ ဆောင်ရွက်ကြပြီး လမ်းလျောက်ကြသောပြည်သူများအား မြို့နယ်အားကစားနှင့် ကာယပညာကော်မတီမှ ဗလာမပါဆုလက်ဆောင်ပစ္စည်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် တာဝန်ရှိသူများကပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


အောင်မြတ်လင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)