ပူတာအို၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပူတာအို၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ




MNP  -   ဒီဇင်ဘာ ၃၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်သော ဘဝကို ပိုင်ဆိုင်နိုင်စေရန်အတွက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ(၃၁)ရက် နံနက်(၅)နာရီခွဲက ပူတာအိုခရိုင် ပြည်သူ့အားကစားကွင်းစုရပ်မှစတင်ကျင်းပသည်။


စုပေါင်းလူထုလမ်းလျှောက်ပွဲတွင် ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်ကျော်လွင်၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသားကျောင်းသူများနှင့် အားကစားကို စိတ်ပါဝင်စားသည့် ပြည်သူများစုစုပေါင်းအင်အား (၃၅၀)ဦးတို့က စုရပ်ဖြစ်သည့် ပူတာအိုခရိုင်ပြည်သူ့အားကစားကွင်းမှတဆင့် ဟိုခိုရပ်ကွက် အောက်ချိုင့်လမ်းဆုံ၊ ထိုမှတဆင့် ခရိုင်ပြည်သူ့ဆေးရုံလမ်းအတိုင်း ဖုန်ကန်ရာဇီခန်းမရှေ့၊ ထိုမှတဆင့် ခရိုင်ပြန်/ဆက်လမ်းဆုံ၊ ထိုမှတဆင့် ပြည်ထောင်စု လမ်းမကြီးအတိုင်း ခရိုင်ပြည်သူ့အားကစားကွင်းသို့ စုပေါင်းလမ်းလျှောက်ပွဲဆင်နွဲခဲ့ကြသည်။


အဆိုပါစုပေါင်းလူထုလမ်းလျှောက်ပွဲဆင်နွဲသည့် လူထုစုပေါင်းလမ်းလျှောက်အဖွဲ့သည် ခရိုင်ပြည်သူ့အား ကစားကွင်းတွင် ပူတာအိုခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းအတွဲ(၁) (၂)နှင့် Physical Fitness Dance အကများဖြင့် ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများကို ပျော်ပျော်ပါးပါးစုပေါင်းဆင်နွဲခဲ့ကြကြောင်း သိရသည်။


ဖုန်ကန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)