ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲနှင့် လမ်းလျှောက်ပွဲ တက်ရောက်အားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲနှင့် လမ်းလျှောက်ပွဲ တက်ရောက်အားပေး

 




MNP - ဒီဇင်ဘာ  ၁၇


ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်(TSDP)အရ ကျောင်းအခြေပြု အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲကို ယနေ့နံနက် ၅ နာရီခွဲက အမှတ် (၂)ချစ်ကြည်ရေး တံတားထိပ်တွင် ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပြိုင်ပွဲကို သေနတ်ပစ်ဖောက် တာလွှတ်ပေးခဲ့သည်။


ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့သည် မြို့နယ်အားကစားကွင်းအတွင်း ကျင်းပပြုလုပ်သည့် ဒီဇင်ဘာလ တတိယပတ်လူထု လမ်းလျှောက်ပွဲတွင် ပါဝင်လမ်းလျှောက်ခဲ့ကြပြီး ကိုယ်လက်သွေးပူလေ့ကျင့်ခန်း အတွဲ(၁)နှင့် အကြောဖြေလေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းအခြေပြုမီနီမာရသွန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးပေးအပ်သည်။ အဆိုပါမီနီမာရသွန် ပြိုင်ပွဲသို့ အခြေခံပညာကျောင်းများမှ ကျောင်းသား (၃၂၂)ဦးနှင့် ကျောင်းသူ (၁၀၈)ဦး စုစုပေါင်း(၄၃၀)ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)