စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ ဆင်တပ်ကျေးရွာအနီးရှိ ဆိုလာ စနစ်တွဲဖက်တပ်ဆင်ခြင်း ဖွင့်ပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ ဆင်တပ်ကျေးရွာအနီးရှိ ဆိုလာ စနစ်တွဲဖက်တပ်ဆင်ခြင်း ဖွင့်ပွဲအခမ်းအနား တက်ရောက်


69

70

MNP  -   ဒီဇင်ဘာ ၂၂

 (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ ဆင်တပ်ကျေးရွာ ဆင်တပ်လျှပ်စစ်မြစ်ရေတင် အဆင့် ၂ ရှိ ၁၆၀ ကီလိုဝပ်၊ မော်တာ ၂ စုံအား ဆိုလာစနစ်တွဲဖက်တပ်ဆင်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်း တွင် အဆိုပါ လျှပ်စစ်မြစ်ရေတင်တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဆင်တပ်လျှပ်စစ်မြစ်ရေတင် လုပ်ငန်းတွင် ရေတင်အဆင့်(၄) ဆင့်ရှိပြီး  စိုက်ပျိုးမြေဧက ၄၂၀၀ ကို မိုး၊ ဆောင်း၊ နွေ (၃)သီး   စိုက်ပျိုးရေ ပေးဝေနိုင်အောင် တည်ဆောက်ထားသည့် လျှပ်စစ်မြစ်ရေတင်တစ်ခုဖြစ်ပါကြောင်း၊ ဆင်တပ် လျှပ်စစ်မြစ်ရေတင်အဆင့်(၂)ရှိ ၂၀ ကျူးဆက်ပန့်အား မောင်းနှင်သော ၁၆၀ ကီလိုဝပ် မော်တာ (၂)စုံအား ဆိုလာစနစ်တွဲဖက်တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးခြင်းအားဖြင့် ဆိုလာနှင့် စိုက်ပျိုးမြေဧက ၄၀၀ ကို စိုက်ပျိုးရေဖူလုံစွာပေးဝေနိုင်ခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် တစ်ခုဖြစ်သည့် ဆိုလာရေတင် စီမံကိန်းများ ဆောင်ရွက်ခြင်းနှင့် တည်ဆောက်ပြီး ရေတင်လုပ် ငန်းများတွင် ဆိုလာစနစ်တွဲ ဖက်တပ်ဆင်ခြင်းအားဖြင့်  လျှပ်စစ်ဓာတ်အားခ ကုန်ကျစရိတ် သက်သာပြီး  ရေတင်ရာတွင်သုံးစွဲမည့်  လျှပ်စစ်ဓာတ်အားကို  အခြားလိုအပ်မည့် နေရာများသို့  ဖြန့်ဝေပေးနိုင်ခြင်း၊ လျှပ်စစ်နှင့်စက်သုံးဆီကိုမသုံးစွဲရခြင်းကြောင့် နိုင်ငံတော်အတွက် အကုန် အကျ သက်သာပြီးရေသွင်း စိုက်ပျိုးတောင်သူများအား စိုက်ပျိုးရေလုံလောက်စွာပေးဝေနိုင်တော့ မည်ဖြစ်၍ ဒေသခံတောင်သူ များ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေကာ တိုင်းပြည် အတွက်များစွာ အကျိုးရှိမည့် လုပ်ငန်းတစ်ခုဖြစ်ပါ ကြောင်း၊ ပြည်သူလူထုအနေဖြင့်လည်း  မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၏  ကောင်းမွန်သော စေတနာများကို သိရှိနားလည်ပြီး ဆင်တပ်မြစ်ရေတင်လုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် တိုင်းဒေသကြီးတစ်ခုလုံး၏ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် မိမိတို့နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းမြစ်) မှ တိုင်းဒေသကြီးဦးစီးမှူး ဦးချိုလတ်က ဆင်တပ်လျှပ်စစ်မြစ်ရေတင် အဆင့် ၂ ရှိ ၁၆၀ ကီလိုဝပ် မော်တာ ၂ စုံအား ဆိုလာစနစ်တွဲဖက် တပ်ဆင်ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။


ဆင်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်တို့က ဆင်တပ် လျှပ်စစ်မြစ်ရေတင်အဆင့် ၂ ရှိ ၁၆၀ ကီလိုဝပ်မော်တာ ၂ စုံအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြပြီး စက်ရုံအတွင်းလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆင်တပ်လျှပ်စစ် မြစ်ရေတင် အဆင့် ၂ ရှိ ၁၆၀ ကီလိုဝပ် မော်တာ ၂ စုံအတွက် တစ်ချပ်လျှင် ဝ.၅၄၅ ကီလိုဝပ်၊ ထွက်ရှိသည့် ဆိုလာပြား ၇၈၄ ချပ် တပ်ဆင်ထားရှိမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေတင်စက်ကြီးများဖြင့် ဒေသခံတောင်သူများအား စိုက်ပျိုးရေပေးဝေနေမှုအား ကြည့်ရှုစစ်ဆေးကာ ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြ သည်။


အဆိုပါ ဆင်တပ်ကျေးရွာအနီးရှိ ဆင်တပ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်းသည် ဧရာဝတီမြစ်မှ ရေတင်စက်ကြီးများဖြင့် ရေစုပ်တင်ပြီး ရေတင်အဆင့် ၄ ဆင့်ဖြင့် ပင်မမြောင်းအရှည် ၇.၅၅ မိုင်၊ လက်တံမြောင်းအရှည် ၆၃.၃၅ မိုင်ဖြင့် ဧက ၄၂၀၀ ကို မိုးသီးနှံ၊ ဆောင်းသီးနှံ၊ နွေသီးနှံများ စိုက်ပျိုးနိုင်သော မြစ်ရေတင်တစ်ခုဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages