ကျောက်ဆည်မြို့နယ်တွင် အိမ်ထောင်စု(၂၂၆၄ )စုနှင့် အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ ဓာတ်အားသုံးစွဲမှုပြည့်ဝစေရေး လျှပ်စစ်ကြိုးများနှင့်မလွတ်ကင်းသည့်သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် အိမ်ထောင်စု(၂၂၆၄ )စုနှင့် အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ ဓာတ်အားသုံးစွဲမှုပြည့်ဝစေရေး လျှပ်စစ်ကြိုးများနှင့်မလွတ်ကင်းသည့်သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း

 




MNP  -  ဒီဇင်ဘာ   ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးအနေဖြင့် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး၊ ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်း စေရေးအတွက် လျှပ်စစ်ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများအားခုတ်ထွင် ရှင်းလင်းခြင်း၊ ယိမ်းယိုင်နေသည့်ဓာတ်တိုင်များအား တည့်မတ်ခြင်း၊ လျော့ကျနေသည့် လျှပ်စစ်ကြိုးများ အား တင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီက အိမ်ထောင်စု (၂၂၆၄)စုနှင့် အသေးစား၊ အလတ်စားစီပွားရေးလုပ်ငန်းရှင်များ လျှပ်စစ်ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး လျှပ်စစ်ကြိုများနှင့်မလွတ်ကင်းသော သစ်ပင်၊သစ်ကိုင်းများအား စနစ် တကျခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရသည်။


အဆိုပါ လျှပ်စစ်ဓာတ်အားလိုင်းသည် ကျောက်ဆည်မြို့၊ ကြက်မင်းတွန်ရပ်ကွက်၊ ဓာတ်အားခွဲရုံမှ သင်တောင်းကြီးကျေးရွာ၊မဟာရွှေသိမ်တော်ဘုရားနှင့် ဆက်သွယ်ထားသည့်(၁၁)ကေဗွီဓာတ်အား ပို့လွှတ်ထားသော လျှပ်စစ်ဓာတ်အားကြိုးများဖြစ်ကြောင်းနှင့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်း လင်းပေးခြင်းကြောင့် ကျောက်ဆည်မြို့၊ကြက်မင်းတွန်ရပ်ကွက်နှင့် ကျေးရွာ(၇)ရွာမှ အိမ်ထောင်စု (၂၂၆၄)စုနှင့် အသေးစား၊ အလတ်စား လုပ်ငန်းရှင်များ လျှပ်စစ်ဓာတ်အား သုံးစွဲရာတွင် ပြည့်ဝစွာ သုံးစွဲ နိုင်ပြီးဖြစ်ကြောင်း သိရသည်။


 သစ်ပင်၊သစ်ကိုင်း ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများကို မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဆောင်မှုဖြင့်ဝန်ထမ်း(၁၆)ဦးတို့မှ ဌာနပိုင် မော်တော်ယာဉ်ဖြင့် စနစ်တကျ ခုတ်ထွင်ရှင်းလင်းခဲ့ပြီး ကျောက်ဆည်မြို့နယ်တွင် လျှပ်စစ်မီးသုံးစွဲသော ‌ရပ်ကွက်(၁၀)ရပ်ကွက်နှင့် ကျေးရွာကျေးရွာပေါင်း(၂၂၃)ရွာရှိကြောင်း မြို့နယ်လျှပ်စစ် မန်နေဂျာရုံးမှ သိရသည်။


သက်မောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)