အမ်းမြို့နယ် မူလတန်းကြိုကျောင်း၌ အားကစားပြိုင်ပွဲများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ် မူလတန်းကြိုကျောင်း၌ အားကစားပြိုင်ပွဲများ ကျင်းပ





MNP  -  ဒီဇင်ဘာ ၂၇

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် အမှတ် (၃) စျေးရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ အမ်းမူလတန်းကြိုကျောင်းမှ  မူကြိုကလေးငယ်များ ကာယ၊ ဉာဏ စွမ်းရည်တိုးတက် မြင့်မားရေး ဒီဇင်ဘာလ ကျောင်းတွင်းအားက စားပြိုင်ပွဲများကို အ မှတ်(၃)စျေးရပ်ကွက် အားကစားကွင်းတွင် ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားအား အမ်းမူလတန်းကြိုကျောင်းမှ  မူကြိုကလေးငယ်များက အာရှမြန်မာသီချင်းဖြင့် သီဆိုကပြ ဖွင့်လှစ်ပေးခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးမင်းထက်က ကလေးသူငယ်များတွင် အသက်ရှင်သန်ခွင့်၊ ဖွံဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့် အခွင့်အရေး (၄) ရပ် ရှိပါကြောင်း၊ ကလေး သူငယ်များနှင့် ပတ်သက်၍ လူမှုဝန်ထမ်းဦးစီး ဌာနအပြင် အခြားဌာန အဖွဲ့အစည်းများ ကလည်း အလေးထား၍ အဓိကဆောင်ရွက်လာတာကို‌တွေ့ရှိရပါကြောင်း၊ အနာဂတ်တွင် လင်းလတ်မည့် ကြယ်ပွင့်များဖြစ်သည့်အတွက် ယခုမှုကြိုအရွယ် ကလေးငယ်ကတည်းကပင် ဖွံဖြိုးမှု (၅) ရပ်နှင့် ပြည့်စုံပြီး ဘဝတစ်သက်တာ အလေ့အကျင့်ကောင်း များကိုရရှိစေရန် ပြုစုပျိုးထောင်ပေးသော မှုကြိုကျောင်းများ ပေါ်ပေါက်လာသည့်အတွက် များစွာ ဂုဏ်ယူပါကြောင်း၊ ကျန်းမာသန်စွမ်းပြီး ထူးချွန်ထက်မြတ်သော နိုင်ငံ့သား/သမီး ရတနာများ ဖြစ်ပေါ်လာစေရန် ယခုမှုကြိုကလေးငယ်အရွယ်မှစ၍ ဆရာ/ဆရာမများနှင့် မိဘများ၏ ပံပိုးကူညီမှု ပတ်ဝန်းကျင်များပါ ပူးပေါင်းဆောင်ရွက်ကြရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူးက ကာယစွမ်းရည် ပြိုင်ပွဲများ ပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် ကလေးငယ်များအား လုံးတန်းတူညီမျှစွာ ပါဝင်ဆောင်ရွက်ခွင့်ရှိပါမှ ဖွံဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာမှာဖြစ်ကြောင်း၊ အသက်အရွယ်အလိုက် ပညာရေးနှင့် အားကစားမှာ ထူးချွန်ထက်မြက်သော ကလေးငယ်များ ဖြစ်ပေါ်လာစေရန် ဆွေးနွေးပြောကြားခဲ့သည်။


ဆက်လက်၍အားကစားပြိုင်ပွဲများကျင်းပရာ မူကြိုကလေးငယ်များက ကွမ်းသီးကောက်ပြိုင်ပွဲ၊ ခေါင်းအုံးရွက်ပြိုင်ကြိုးသီပြိုင်ပွဲ၊ ဗူးဆင့်ပြိုင်ပွဲ၊ အရုပ်ထောင်ပြိုင်ပွဲနှင့် အပြေးပြိုင်ပွဲစသည့် ကာယစွမ်းရည်ပြိုင်ပွဲတို့ကို ပွဲစဉ်အလိုက် ကလေးငယ်များက တပျော်တပါး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ မိဘအုပ်ထိန်းသူများနှင့် ဆရာ/ဆရာမများက ကြည့်ရှုအားပေးကြသည်။ အားကစားပြိုင်ပွဲများ အသီးသီးမှ ဆုရကလေးငယ်များနှင့် ပြိုင်ပွဲဝင်ကလေးများအားလုံးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းထွန်းဦး၊ ကျောင်းအုပ် ဆရာမကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်လေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆုများအသီးသီးပေးအပ်ခဲ့၍ အာဟာရမုန့်များ ဝေငှပေးခဲ့ကြောင်း သိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)