ကွန်ပျူတာတက္ကသိုလ် (ဘားအံ) မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွန်ပျူတာတက္ကသိုလ် (ဘားအံ) မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ




MNP -  ဒီဇင်ဘာ ၂၅

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ် (ဘားအံ)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က အဆိုပါ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။


မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဒေသတွင်းလူငယ်များကို ကွန်ပျူတာ ဆိုင်ရာ နည်းပညာရပ်များ၊ ICT ဆိုင်ရာနည်းပညာရပ်များ သင်ယူနိုင်ရန်နှင့် ICT ကျွမ်းကျင်ပညာရှင်များ ပြုစုပျိုးထောင် နိုင်ရန် ရည်ရွယ်၍ ကွန်ပျူတာတက္ကသိုလ် (ဘားအံ)ကို ၂၀၀၁ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ယခုချိန်ထိ ကွန်ပျူတာသိပ္ပံနှင့် နည်းပညာဆိုင်ရာ မဟာဘွဲ့ရရှိသူ ၃၂ ဦး၊ ရိုးရိုးဘွဲ့(၈၁၄)ဦးနှင့် ဒီပလိုမာဘွဲ့(၁၀၁)ဦး အပါအဝင် စုစုပေါင်းဘွဲရသူဦးရေ ၉၄၇ ဦးကို ပြုစုပျိုးထောင်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ မောင်မယ်များအနေဖြင့် တီထွင်ကြိုးစားမှု အပြည့်ဖြင့် တာဝန်ကျေပွန် သည့် အသိပညာရှင်၊ အတတ်ပညာရှင်အဖြစ်သာမက ကိုယ်ကျင့်တရားကောင်းမွန်ပြီး မိမိအကျိုး၊ မိသားစုအကျိုးသာမက နိုင်ငံနှင့်လူမျိုးအကျိုးကို ရှေးရှုဆောင်ရွက်နိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် သင်ကြား သင်ယူမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ၉၁ ဦးအတွက် ဂုဏ်ပြု ထောက်ပံ့ငွေကျပ်သိန်း(၂၀)ကို ပေးအပ်ချီးမြှင့်သည်။


ယင်းနောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်များက မြန်မာတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုအက အလှများ၊ တေးသရုပ်ဖော်အကများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပညာရည်ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ကာ King & Queen ရွေးချယ်၍ ပြည်နယ်တရား လွှတ်တော်တရားသူကြီး ချုပ်ဒေါ်ခင်ဆွေထွန်းက နည်းပညာတက္ကသိုလ် Queen ဆုရရှိသူကို လည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာ ဝန်ကြီးဦးဇော်ဝင်းက King ဆုရရှိသူကိုလည်းကောင်း ဆုများပေးအပ် ချီးမြှင့်ကာ မောင်မယ်သစ်လွင်များကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူး တင်စကား ပြန်လည်ပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကား များ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)