မာန်အောင်မြို့နယ်၌ ဒီဇင်ဘာအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်၌ ဒီဇင်ဘာအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲ ကျင်းပ




MNP  - ဒီဇင်ဘာ ၃၁

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ဒီဇင်ဘာအားကစားလ စုပေါင်းလူထု လမ်းလျှောက်ပွဲကို  မြို့နယ်စီမံ အုပ် ချုပ် ရေး အဖွဲ့မှကြီးမှူး၍  မြို့နယ် အားကစား နှင့် ကာယပညာ ဦးစီဌာနက ဦးဆောင်ကာ တစ်မျိုးသားလုံး ကျန်း မာ ကြံ့ ခိုင် ရေး အတွက်စုပေါင်းလူထုအား ကစားလ စုပေါင်းလမ်းလျှောက်ပွဲကို  ယနေ့ နံနက် ၅ နာရီက မြို့မစျေးအနီး Top One လဘက်ရည်ဆိုင် စုရပ်မှ စတင်ကာ ကုန်းခင်ကျေးရွာအုပ်စု၊ကုန်းခင်ကျေးရွာအခြေခံပညာမူလတန်းကျောင်းထိ မြို့နယ်စီမံ အုပ် ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းဇော်ဟိန်း နှင့် အဖွဲ့ဝင်များ ၊မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်း များ၊ ဆရာ/မ များ၊ ကျောင်း သား/သူများ၊ ရပ်ကွက်နေပြည်သူများ အင်အား(၂၀၀)ဦးခန့် စုပေါင်း လမ်း လျှောက်ခဲ့ကြသည်။ 


     အဆိုပါ စုပေါင်းလမ်းလျှောက်အဖွဲ့သည် ကုန်းခင်ကျေးရွာအခြေခံပညာမူလတန်းကျောင်းရှေ့၌“ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” အစီအစဉ်အတိုင်း လေ့ကျင့်ခန်းများ တစ်ပျော်တစ်ပါး စုပေါင်း ပြုလုပ် ဆောင်ရွက်ကြပြီး လမ်းလျှောက်ပွဲပါဝင်ဆင်နွဲသူများအား လဘက်ရည်ကောက်ညှင်းပေါင်းဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြ ကြောင်း  သိရသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)