ရှမ်းပြည်နယ်ဝန်ကြီးချုပ် ၊ ကျိုင်းတုံမြို့၌ ဟော်နန်းဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ၊ ကျိုင်းတုံမြို့၌ ဟော်နန်းဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး



MNP   -     ဒီဇင်ဘာ ၁၉

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် (၈) နာရီခွဲက ကျိုင်းတုံမြို့၊ နောင်တုံကန်ပတ်လမ်းရှိ မင်းဒင်ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်နေသော သံကူကွန်ကရစ် (၂) ထပ် ကျိုင်းတုံ ဟော်နန်းတည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နောင်တုံကန်မှ ကျိုင်းဖောင်းတံတား ချည်းကပ်လမ်းပြီးစီးမှုအား သွားရောက်ကြည့်ရှုရာ ကျိုင်းတုံခရိုင် လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းသည်။ အဆိုပါကျိုင်းဖောင်းတံတားသည် မိထ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းပေါ် တွင်တည်ရှိပြီး တံတားအမျိုးအစားမှာ အုတ်မြစ်၊တံတားအောက်ထည် သံကူကွန်ကရစ်၊ တံတားအပေါ် ထည်သံကူကွန်ကရစ်ရက်မ+ သံကူကွန်ကရစ်ကြမ်းခင်းတံတားအရှည် (၅၄.၈၆) မီတာ၊ (၁၈၀)ပေ၊ တံတားအကျယ် (၉.၄၄) မီတာ၊ ယာသွားလမ်းအကျယ်(၈.၅၅)မီတာ၊ လပ်ငန်းစတင်သည့်ရက်မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁) ရက် လုပ်ငန်းပြီးစီးမည့်နေ့မှာ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့၊ စီမံကိန်းတန်ဖိုးမှာ ကျပ် (၁၁၅.၀၀၀) သန်းဖြစ်ကြောင်း သိရသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျိုင်းဖောင်းတံတားမှ ကျိုင်းတုံမြို့ရှောင်လမ်း ပြီးစီးမှုအား သွားရောက်ကြည့်ရှုရာ ရှင်းလင်းဆောင်ခန်းမတွင် ကျိုင်းတုံခရိုင်တွဲဖက်ပြည်နယ်မှူး တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းပြီး လမ်းပြီးစီးမှုအားကြည့်ရှုသည့်။


အဆိုပါ ကျိုင်းမြို့ရှောင်လမ်းစီမံကိန်းသည် မီထ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းဖြစ်ပြီး လုပ်ငန်းအမျိုးအစားမှာ (၇) m အကျယ် ကတ္တရာကွန်ကရစ်လမ်းဖြစ်ပြီး စီမံကိန်းတန်ဖိုးမှာ (၂၃၃၀၉.၉၅၃) သန်း၊ စီမံကိန်းဆောင်ရွက်သည့်နေ့မှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ ပြီးစီးမည့်နှစ်မှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ထိဖြစ်ကြောင်း သိရသည်။


၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျိုင်းတုံစည်ပင်သာယာရေးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသော ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ Clean & Green Cities ရန်ပုံငွေဖြင့် နောင်တုံကန်ပတ်လမ်း ကွန်ကရစ်ဖြည့်ခင်းခြင်း ဆောင်ရွက်ပြီးစီးနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြကြောင်း သိရှိရသည်။


မောင်မောင်သန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)