စဉ့်ကူးမြို့နယ်၊ တောင်အင်းကျေးရွာနှင့် ထုံးကြီးကျေးရွာတို့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်၊ တောင်အင်းကျေးရွာနှင့် ထုံးကြီးကျေးရွာတို့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲ ကျင်းပ



MNP  -   ဒီဇင်ဘာ   ၃၁

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ တောင်အင်းကျေးရွာအုပ်စု၊ တောင်အင်းကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို စဉ့်ကူးမြို့နယ်၊ တောင်အင်းကျေးရွာရှိ ငါးဆူတောင်စေတီဘုရားဝင်းအတွင်း ယမန်နေ့နံနက်(၉)နာရီကကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ စုစုပေါင်းအင်အား (၄၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။ 


ထို့နောက် မွန်းလွဲ(၁)နာရီအချိန်တွင် စဉ့်ကူးမြို့နယ်၊ ထုံးကြီးကျေးရွာအုပ်စု၊ ထုံးကြီးကျေးရွာရှိ မဟာဗောဓိကျောင်းတိုက်အတွင်းရှိ ဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကို ဆက်လက်ကျင်းပခဲ့ရာ  စုစုပေါင်း အင်အား (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။


အဆိုပါတွေ့ဆုံပွဲများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသော်တာထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့အား အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပြည်သူ့စစ်နှင့်ရပ်ကျေးပြည်သူ့လုံခြုံရေးအဖွဲ့များနှင့် လုံခြုံရေးဆိုင်ရာကိစ္စများကို ရှင်းလင်းဆွေးနွေးခြင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးနန်းကိုဦးက ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအား ရှင်းလင်းဆွေးနွေးခြင်း၊ ဒုရဲမှူးတင်ညွန့်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ ပြည်သူများ လိုက်နာဆောင်ရွက်ရန်အချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအားရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ကော်မရှင်ဒုတိယဦးစီးမှူးဒေါ်အိမ့်သက်ခိုင်က PR(အချိုးကျကိုယ်စားပြုစနစ်)အား ရှင်းလင်းခြင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့ကြကာ ဆွေးနွေးပွဲအပြီးတွင် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြသည်။


ထို့နောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ပြည်သူများကိုယ်စား ပြည်သူ(၂)ဦးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြကြောင်း သိရသည်။


တင်ဇာလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)