မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ အရာထမ်း၊ အမှုထမ်းများနှင့်အတူ နှစ်သစ် မိတ်ဆုံစားပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ အရာထမ်း၊ အမှုထမ်းများနှင့်အတူ နှစ်သစ် မိတ်ဆုံစားပွဲကျင်းပ



MNP -    ဒီဇင်ဘာ  ၂၈

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ကို    ကြိုဆိုဂုဏ်ပြုသော အားဖြင့်    နှစ်သစ်မိတ် ဆုံစားပွဲ အခမ်းအနားကို     ယနေ့မွန်းလွဲ ၂   နာရီတွင်   နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဇမ္ဗူ သီရိခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ   ဒေါ်သန်းသန်း ဆွေက နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာတွင်    ဝန်ထမ်းများ အနေဖြင့် မိမိတို့လုပ်ငန်းတာဝန်များကို တက်တက်ကြွကြွ အလေးထား     ဆောင်ရွက်ခဲ့ကြသည့် အတွက် အသိအမှတ်ပြုပါကြောင်း၊ လာမည့်နှစ်တွင် စိတ်သစ်လူသစ် ဖြင့် ကျရာအခန်းကဏ္ဍကို  တာဝန် ကျေပွန်စွာ ထမ်းဆောင်ရန်နှင့်   မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ပိုမိုထိရောက်   ကောင်းမွန်သော မူဝါဒဆိုင်ရာ  ရည်မှန်းချက်များ ရရှိရန် ဌာနအကြီးအကဲများအနေ ဖြင့်မိမိဌာနတိုး တက်စေရန်နှင့်  ဝန်ထမ်းများ    အရည်အသွေး    မြှင့်တင်စေရန်အတွက် ကြိုးစား ရန်လိုအပ်ကြောင်း၊ လုပ်ငန်း ဆိုင်ရာလိုအပ်ချက်များနှင့်   ရှေ့ဆက်ဆောင် ရွက်ရမည့် အခြေ အနေများကို   ရင်းနှီးပွင့်လင်းစွာ ပြောကြားသည်။


ထို့နောက်   မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊   ဒုတိယဥက္ကဋ္ဌ များ၊    ဒါရိုက်တာအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊  ညွှန်ကြား ရေးမှူးချုပ်များသည် ဌာန အသီးသီးရှိ အရာထမ်း၊ အမှုထမ်း များနှင့်  နှစ်သစ်မိတ်ဆုံစားပွဲကို အတူတကွသုံးဆောင်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)