MNP ၊ ဒီဇင်ဘာ ၁၆
ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်သော (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အားကစားပြိုင်ပွဲများ နှင့် စတုဒီသာကျွေးမွေးခြင်းများကို ယမန်နေ့ ညနေ ပိုင်းက မြို့မ အားကစားကွင်း နှင့် သီရိမင်္ဂလာခန်းမတို့တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ် နေ့ အထိမ်းအမှတ် အဖြစ် ကျင်းပပြု လုပ်သည့် အားကစား ပွဲများ ဖြစ် သော ချောတိုင်တက်ပြိုင်ပွဲ နှင့် လွန်ဆွဲပွဲများ အား မြို့မအားကစားကွင်း အတွင်းကျင်းပပြုလုပ်ရာ ချောတိုင်တက် ပြိုင်ပွဲ အား အသင်း ၅ သင်းကလည်းကောင်း ၊ လွန်ဆွဲပွဲအား အမျိုးသား၇ သင်း နှင့် အမျိုးသမီး ၄ သင်းတို့ က ပါဝင် ယှဉ်ပြိုင် ခဲ့ကြပြီး အနိုင်ရရှိ သည့် အသင်း များအား ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ ၊ မြို့နယ် စီမံအုပ် ချုပ်ရေး ဥက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် အဖွဲ့ဝင် များ နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြသည်။
ယင်းနောက် ညနေပိုင်းတွင် သီရိ မင်္ဂလာ ခန်းမ၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက ရခိုင်မုန့်တီ နှင့် ဒေသ အစားအစာများ စတုဒီသာကျွေးမွေးကြရာ ဒေသခံပြည်သူများက ပျော်ပျော်ပါးပါးလှည့်လည်စား သောက်ကြသူ များ နှင့် အထူးစည်းကားခဲ့သည်။ အဆိုပါ စတုဒီသာကျွေးမွေးကြသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ စုပေါင်းအဖွဲ့များအား ခရိုင်/ မြို့နယ် စီမံ အုပ်ချုပ် ရေး ဥက္ကဋ္ဌများ နှင့် တာဝန်ရှိသူများက အကောင်းဆုံး နှင့် လူကြိုက်အများဆုံးအဖွဲ့တို့အား ဆုများအသီးသီး ချီးမြှင့် ပေးခဲ့ ကြပြီး သီရိမင်္ဂလာခန်း မ အတွင်း တေး သံရှင်များ နှင့် ဝါသနာရှင်အဆိုတော်များက တေးသီချင်းများဖြင့် သီဆို ဖျော်ဖြေ ခဲ့ကြ ကြောင်း သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်
https://t.me/MyanmarNationalPost
No comments:
Post a Comment