မိုင်းယောင်း၌ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကြီးကြပ်မှုကော်မတီအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယောင်း၌ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကြီးကြပ်မှုကော်မတီအစည်းအဝေးကျင်းပ

 


MNP - ဒီဇင်ဘာ ၇


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲနှင့် ရိုးရာအားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပကြောင်း သိရသည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က ယခုနှစ်တွင် ရပ်ကွက်များ၊ ဝန်ထမ်းများ၊ ပြည်သူများ ပါဝင်လာနိုင်စေရန် အားကစားနည်းများ ပိုမိုထည့်သွင်းကျင်းပနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြောင်း အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးတင့်ဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့်အဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးအောင်မျိုးဦးနှင့် တက်ရောက်လာသူများက လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပရေးကိစ္စရပ်များ၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲနှင့် ရိုးရာအားကစားပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်နိုင်ရေးကိစ္စရပ်များကို အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် ခရိုင်/မြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်း၌ကျင်းပရာ သက်ဆိုင်ရာဌာနအလိုက် ချေးငွေထုတ်ချေး ဆောင်ရွက်ပေးထားမှု အခြေအနေများ၊ ပံ့ပိုးချေးငွေဖြင့် တောင်သူများ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ ထုတ်ချေးပြီးသည့် အပိုင်းများကိုလည်း အကျိုးရှိရှိအသုံးချမှုရှိ/မရှိ စောင့်ကြည့်လေ့လာအကဲဖြတ်ရေး ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - စိုင်းအောင်ဇော်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)