ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်ရုံးဌာနများအား မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်ရုံးဌာနများအား မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေး




MNP -  ဒီဇင်ဘာ ၂၆

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရုံးဌာနများအား မီးဘေး လုံ ခြုံရေး စစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင် များက ယမန်နေ့ ညနေပိုင်း က ကွင်းဆင်း ဆောင် ရွက် ခဲ့ ကြသည်။ 


ထို့သို့ ဆောင်ရွက်ရာတွင်  ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယ မီးသတ်ဦးစီးမှူး ဦးဇော်ဦးလှိုင်ဦးဆောင်၍ တပ်ဖွဲ့ဝင် များက  ကုန်သွယ်ရေးဦးစီးမှူးရုံးတွင် မတော်တဆ မီးဘေး အန္တရာယ် မဖြစ်ပွားစေရေး နှင့် မီးဘေးကြောင့် ဆုံးရှုံး မှုမရှိ စေ ရေး အတွက်  မီးကို  စနစ်တကျ အသုံးပြုစေရေး ၊  အမှိုက် သရိုက် များအား  စနစ်တကျ စွန့် ပစ်ရေး ၊ ဆေးလိပ် သောက် သုံးသူ များဖြင့် ဆေးလိပ်ကို မီးမငြိမ်းသတ်ဘဲ  မစွန့်ပစ်စေရေး၊ လျှပ်စစ်မီးအသုံးပြုသူများ အနေဖြင့် မိမိတို့ ရုံး ရှိ လျှပ်စစ်ဝါယာ ကြိုးများ ပေါက်ပြဲမှုရှိမရှိ ၊ လျှပ်စစ်ဝါယာကြိုးများ ၊ မီးပလက် ပေါက်များ ဟောင်းနွမ်းနေ ပါက လည်း သက်ဆိုင်ရာ လျှပ်စစ်ဝန်ထမ်း များ ဖြင့် လဲလှယ်တပ်ဆင် အသုံး ပြုစေရေး ၊ ရှေးဦးမီးသတ်ဆေးဘူးများ အသင့် ထားရှိရန် လိုအပ်ကြောင်း နှင့် မတော်တဆ မီးလောင်မှု ဖြစ်ပွားပါကလည်း သက်ဆိုင်ရာ မီးသတ် ဦးစီး ဌာနသို့ ချက်ချင်း သတင်း ပေး ပို့ချပါရန် ကွင်းဆင်းစစ်ဆေး အကြံပြု လမ်းညွန်မှာ ကြားခဲ့ကြ ကြောင်း သိရ သည်။ 


အောင်ကျော်စိန်၊ သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)