မြောက်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ သို့သွားရောက်ပြီး အသိ ပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ သို့သွားရောက်ပြီး အသိ ပညာပေး ဟောပြောပွဲကျင်းပ




MNP -  ဒီဇင်ဘာ ၂၈

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန(၂)တို့ ပူးပေါင်း၍ အသိပညာပေးဟောပြောခြင်း ကို ပြင်ဈေးရပ်ကွက် အ.ထ.က(ခွဲ)၊ အ.လ.က(၁) ကျောင်း၌ ယနေ့ နံနက် ၁၀နာရီအချိန်က ဟော ပြောခဲ့ကြောင်း သိရသည်။


ရှေ့ဦးစွာ လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်သန္တာဦး မှ ကလေးလူငယ်အခွင့်အရေး ကိုယ်တိုင် သိရှိနားလည်ရေး ခေါင်းစဉ်များဖြင့်ပြောကြားရာတွင် ကလေးသူငယ်များရောင်းချခြင်း၊ ပြည့်တန် ဆာပြုလုပ်ခြင်း၊အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ တားဆီးကာ ကွယ်ထိန်းသိမ်းခြင်းစသည့်အကြောင်းအရာများကိုတက်ရောက်လာကြသောကျောင်းသူ/ကျောင်း သားများကို သိရှိနား လည်စေရန် ရှင်းလင်းဟောပြောခဲ့သည်။ 


ထို့နောက် ဘေးအန္တရာယ်စီမံခန့်ခွဲ မှုဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစန်နီ မှ ကြိုတင်ကာကွယ်သဘာဝဘေးအန္တရာယ် ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် ရေဘေးအန္တရာယ်၊ မုန်တိုင်းဘေးအန္တရာယ်၊ ငလျင်ဘေးအန္တရာယ် များကြုံတွေ့ လာရပါက ကျောင်းသူ/ကျောင်းသားများ  ဆောင်ရန်ရှောင်ရန် အ ချက်များဖြစ်သည့်  ရေဘေး အတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ရေကြီးခြင်းသတိပေးချက်ရလျှင် ဆောင်ရွက် ရန်အချက် များ၊ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ် နေချိန်တွင် ရှောင်ရှားသင့် သည့်အချက်များ၊ ရေကြီးပြီးနောက်ပြုလုပ်ရန်အချက်များ၊ ရေကြီးပြီးနောက် ရှောင်ရှားသင့်သည့် အချက်များ ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။ ထိုအသိပညာဟော ပြော ပွဲသို့ တက်ရောက် လာကြသော ကျောင်းသူ/ကျောင်းသား (၂၀၀) ဦးခန့် ရှိပြီး သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


မြင့်စိုး ၊စိုးငြိမ်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)