မိုးညှင်းမြို့နယ် ပျော်ဘွယ်ကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး ကျေးရွာစီမံကိန်းလုပ်ငန်းများအတွက် ငွေကျပ်သိန်း(၆၀၀) ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်ပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မိုးညှင်းမြို့နယ် ပျော်ဘွယ်ကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး ကျေးရွာစီမံကိန်းလုပ်ငန်းများအတွက် ငွေကျပ်သိန်း(၆၀၀) ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

36

37

38


MNP  -   ဒီဇင်ဘာ ၂၉

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်လျက်ရှိသော (စိုက်ပျိုးရေး)ကျေးရွာစီမံကိန်းလုပ်ငန်းများအတွက် ငွေကျပ်သိန်း(၆၀၀)ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီခွဲက ပျော်ဘွယ်ကျေးရွာ ပညာရောင်ခြည်စာသင်တိုက်ကျောင်း၌ ကျင်းပခဲ့သည်။


အဆိုပါ ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်ရာတွင် ခရိုင်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်က စိုက်ပျိုးမွေးမြူရေးဆောင်ရွက်လျက်ရှိသော ကျေးရွာစီမံကိန်း လုပ်ငန်းများနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်မိုးထွန်းက စိုက်ပျိုးရေးကျေးရွာစီမံကိန်းလုပ်ငန်းများအတွက် စိုက်ပျိုးစရိတ် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်(ခွဲ)မှ မန်နေဂျာ ဦးအောင်နိုင်က တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။


ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို စိုက်ပျိုးရေးဆောင်ရွက်လျက်ရှိသော တောင်သူ(၇၉)ဦးအတွက် တာဝန်ရှိသူများက ကျေးရွာကော်မတီဝင်များထံ အသီးသီးလွှဲပြောင်း ပေးအပ်ကြပြီး ခရိုင်အဆင့်နိုင်ငံ့စီးပွားမြှင့်တင်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages