MNP - ဒီဇင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် နွေစပါးစိုက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးယဉ်ထွေးက အဖွင့်အမှာစကားပြောကြား၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တွဲဖက်စာရင်းစစ် မဏိကမ္ဘာကုမ္ပဏီမှ ဦးဇော်လွင်ဦးက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် နွေစပါးစီမံကိန်း အတွက်သွင်းအားစုများနှင့် ပတ်သတ်၍ နွေစပါးစိုက်ပျိုးသည့် တောင်သူများအတွက် တစ်ဧကလျှင် ငွေကျပ် ၂၀၀၀၀၀ နှုန်း ဖြင့် လိုအပ်လျက်ရှိသော သွင်းအားစုများဖြစ်သည့် မြေသြဇာ၊ ပိုးသတ်ဆေးနှင့် မျိုးစပါးရရှိစေရေး ထောက်ပံ့ဆောင်ရွက်ပေးခြင်း၊ သွင်းအားစုတန်ဖိုးနှင့်ညီမျှသော စပါးများအားတောင်သူများက ဒေသကာလပေါက်ဈေးအတိုင်းပြန်လည် ရောင်းချပေးဆပ်စေခြင်းနှင့် ပံ့ပိုးဆောင်ရွက်ပေးမည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တောင်သူများကသိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သတင်း - ဝင့်နန္ဒာဌေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment