MNP - ဒီဇင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဒေသဖွံဖြိုးရေးလုပ်ငန်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်ဦးဆောင်သော အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် မြို့နယ်ဌာနဆို င်ရာ အကြီးအကဲများ လိုက်ပါ၍ ပန်းတောင်းမြို့နယ်အတွင်း ဆင်တဲကျေးရွာ အုပ်စု ဆင်တဲကျေးရွာရှိ နေကြာစိုက်ပျိုးထားရှိမှုနှင့်သရက်လိန်အုပ်စု၊ သရက်လိန်ကျေးရွာရှိ နေကြာစိုက်ပျိုးထားရှိမှုတို့အားလည်းကောင်း၊ သူရဲတန်းကျေးရွာအုပ်စုရှိ သူရဲတန်း မြစ်ရေတင်လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ထုံးဘိုကျေးရွာအုပ်စု ပြင်ကြီးကျေးရွာရှိမြစ်ရေတင်လုပ်ငန်းများ၊ တုံကင်းကျေးရွာရှိ ခဝါရေလှောင်တမံအတွင်း ရေသိုလှောင်ထားရှိမှုနှင့် ထုံးဘိုမြစ်ရေ တင်လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် တောင်ဘို့ကြီးကျေးရွာအုပ်စု၊ မြေဝါကုန်းကျေးရွာရှိ ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး၍ ရပ်သာကျေးရွာရှိနေကြာစိုက်ပျိုးထားရှိမှု အခြေအနေအားကြည့်ရှုစစ်ဆေးကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်း - သင်းသင်းအေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment