မင်းလှမြို့၌ ဒီဇင်ဘာလူထုအားကစားလ ပဥ္စမပတ်တွင် စုပေါင်းလမ်းလျှောက်ပွဲဆင်နွှဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့၌ ဒီဇင်ဘာလူထုအားကစားလ ပဥ္စမပတ်တွင် စုပေါင်းလမ်းလျှောက်ပွဲဆင်နွှဲ




MNP  -   ဒီဇင်ဘာလ  ၃၁

မကွေးတိုင်းဒေသကြီး၊   သရက်ခရိုင်၊    မင်းလှမြို့၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ ပဉ္စမပတ်တွင် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲကပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြကြောင်း သိရသည်။    


ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလျှောက်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများပါဝင်ဆင်နွှဲခဲ့ကြသည်။


အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲဆင်နွှဲရာတွင် မြို့နယ်ခန်းမရှေ့မှ မင်းလှ-မင်းဘူးကားလမ်း ဓမ္မိကလမ်းခွဲအထိ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး၊ မြို့နယ်အားကစားကွင်းတွင်  ကိုယ်ကာယလေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဇာဇာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)