လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ)အဆင့် (၃/၂၀၂၂)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ)အဆင့် (၃/၂၀၂၂)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ



MNP - ဒီဇင်ဘာ   ၃


ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲတပ်ဖွဲ့နှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သောရှေးဦးပြုစုခြင်း (အခြေခံ)အဆင့်သင်တန်းအမှတ်စဉ်(၃/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း အမှတ်(၁)ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းကသင်တန်းဆင်းပွဲအခမ်းအနား ဖွင့်လှစ်ကျင်းပလျက်ရှိသည်။


လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲ/တပ်ဖွဲ့နှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ)အဆင့်သင်တန်းအမှတ်စဉ်(၃/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားသို့ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌဒေါ်ဆွေဆွေဦး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးဇင်မင်းအောင်၊ မြို့နယ်ကြက်ခြေနီအရာရှိနည်းပြများ၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး/ဆရာ၊ ဆရာမများနှင့်သင်တန်းသူ၊ သင်တန်းသားများတက်ရောက်သည်။


ရှေးဦးပြုစုခြင်းသင်တန်းကို (၂၂.၁၁.၂၀၂၂)မှ(၂၅.၁၁.၂၀၂၂)ရက်နေ့အထိ (၄)ရက်တာဖွင့်လှစ်ကြာမြင့်ပြီး ကြက်ခြေနီရှေးဦးပြုစုခြင်းသင်တန်းအား စာတွေ့လက်တွေ့ဘာသာရပ်များဖြင့် ပို့ချဖွင့်လှစ်လျက်ရှိကြောင်းနှင့် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ၊ သင်တန်းသူ၊ သင်တန်းသား(၄၀)ဦးတက်ရောက်လျက်ရှိကြောင်း သိရသည်။


သတင်း - ခင်ဝင်းမူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)