ပေါင်မြို့နယ်တွင်ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင်ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ





MNP  -  ဒီဇင်ဘာ   ၂၇

မွန်ပြည်နယ်၊ ပေါင်မြိုနယ် အခြေခံပညာအထက်တန်းကျောင်းတွင် မြန်မာနိုင်ငံကြက်ခြေနီ အသင်း၊  ပေါင်မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်ပညာရေးမှုးရုံးတို့ ပူးပေါင်းကာဖွင့်လှစ်ခဲ့သည့် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်း၌ပြုလုပ်ခဲ့ကြောင်း သိရသည်။


သင်တန်းတွင် မြို့နယ် ပညာရေးမှူးဒေါ်စန်းစန်းအေးက အန္တရာယ်ကြုံလာပါက ရှေးဦးပြုစုနည်းသည်အဓိကအရေးပါသောကြောင့် ကျောင်းသား/သူတိုင်း တတ်သိသင့်သည့်အခြေခံလိုအပ်ချက်ဖြစ်ကြောင်းအမှာစကားပြောကြားသည်။


ပေါင်မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးအောင်မင်းနိုင် က ရှေးဦးပြုစုခြင်းသည် ယခုမှပင်မဟုတ်ဘဲ ရှေးယခင်ကတည်းကပင် ရှိနေခဲ့ခြင်းကြောင့်ထာဝရတည်မြဲအောင်‌ဆောင်ရွက်ကြဖို့လူငယ်‌တွေမှာတာဝန်ရှိကြောင်းပြောကြားသည်။


အဆိုပါသင်တန်းသို့ ပေါင်မြို့နယ်အတွင်းရှိအထက၊ အလက၊ အမကကျောင်းအပြင် ကိုယ်ပိုင် ကျောင်းနှင့် ဘက ကျောင်းများ၊ကျောင်းကျန်းမာရေးတာဝန်ခံများ ကရှေးဦးသူနာပြုစုခြင်းအား စိတ်ပါ၀င်စားစွာဖြင့်  (၁၆၃)ဦးတို့တက်ရောက်ခဲ့ကြပြီး မြို့နယ်ကြက်ခြေနီအသင်းမှ နည်းပြ ၅ ဦးတို့က ဒီဇင်ဘာလ ၂၇ရက်နေ့မှ စတင်ကာ (၃)ရက်ကြာ ရှေးဦးပြုစုခြင်းဆိုင်ရာ အတတ်ပညာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)