(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို အခမဲ့ကျန်းမာရေး စောင့်‌ရှောက်မှုပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို အခမဲ့ကျန်းမာရေး စောင့်‌ရှောက်မှုပေး


MNP  -  ဒီဇင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှု၊ ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုတို့ဖြင့် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ် ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်မှစ၍ ပြည်သူ့ဆေးရုံကြီး သံဃာဆောင်၌ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်မျိုးမြတ် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ လူနာ ECG စက်ဖြင့် နှလုံးခုန်နှုန်းစစ်ဆေးပေးခြင်းနှင့် ရောဂါရှာဖွေခြင်း အထွေထွေရောဂါများ စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ရောဂါတွေ့ရှိမှုအပေါ် ဆေးဝါးများကို တစ်လစာ အခမဲ့ပေးခဲ့ ကြောင်း သိရသည်။


အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခြင်း လုပ်ငန်းများကို လစဉ် (၂၁)ရက်နေ့တိုင်း ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပေါက်ခေါင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း(၁၄၆၀)ဦး ရှိကြောင်း သိရသည်။


သန်းထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)