မောက်မယ်မြို့၌ မိုးစပါးများရိတ်သိမ်းအပြီးကြက်သွန်ဖြူများစတင်စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ်မြို့၌ မိုးစပါးများရိတ်သိမ်းအပြီးကြက်သွန်ဖြူများစတင်စိုက်ပျိုး




MNP  -  ဒီဇင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ မြို့မကျေးရွာအုပ်စုရှိ လယ်စိုက်ခင်းတွင် စိုက်ပျိုးထားသောမိုးစပါးများရိတ်သိမ်းအပြီး ကြက်သွန်ဖြူများ ယခုဒီဇင်ဘာလမှစ၍တစ်ပိုင်တစ်နိုင်စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မြို့မကျေးရွာအုပ်စုသည် လယ်လုပ်ငန်းပြီးချိန်တွင် မီးဖိုဆောင်သုံးသီးပင်စားပင်များ၊ ဆောင်းသီးနှံများကို တောင်သူများကထပ်မံစိုက်ပျိုးကြသည်။ ကြက်သွန်ဖြူကိုအဓိကစိုက်ပျိုးကြပြီး ကြက်သွန်နီ၊ နံနံပင်၊ ပဲအမျိုးမျိုးကို စိုက်ပျိုးကြသည်။ တောင်သူတစ်ဦးလျင် ကြက်သွန်ဖြူများကို ချောင်းရေများဖြင့်အသုံးပြုပြီး စတင်စိုက်ပျိုးသည့်ရက်မှစ၍ ရက်၁၀၀ပြည့်လျှင် နှုတ်သိမ်းကြပြီး တောင်ကြီးသို့သွားရောက်ရောင်းချကြကာ စျေးကောင်းလျင်ကောင်းသလို ၁၅သိန်းမှ သိန်း၃၀အထိ ရကြပြီးမိသားစုအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေအပိုရရှိကြကြောင်း တောင်သူများထံမှသိရသည်။

စိုင်းမျိုးသန့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)