သပိတ်ကျင်းမြို့ အခြေခံပညာမူလတန်းကျောင်းတွင် အလှူရှင်များမှသောက်ရေသန့်စက်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သပိတ်ကျင်းမြို့ အခြေခံပညာမူလတန်းကျောင်းတွင် အလှူရှင်များမှသောက်ရေသန့်စက်လှူဒါန်း



MNP - ဒီဇင်ဘာ ၆


မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့၊ ဆိပ်ကမ်းရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးနှင့်အညီ သန့်ရှင်းသောသောက်သုံးရေအသုံးပြုနိုင်ရေးအတွက် သပိတ်ကျင်းမြို့အခြေစိုက် မန္တလာရွှေပြည်ကားအသင်းမိသားစုမှ ငွေကျပ်သိန်း(၃၀)ခန့်တန်ဖိုးရှိ သောက်ရေသန့်စက်အား ပေးအပ်လှူဒါန်းပွဲနှင့် ဂုဏ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်သည်။


အဆိုပါ သောက်ရေသန့်စက်အား မန္တလာရွှေပြည်ကားအသင်းဥက္ကဋ္ဌ ဦးသိန်းဌေး ဦးဆောင်မှုဖြင့် အသင်းကော်မတီဝင်များ၊ အသင်းသား/အသင်းသူမိသားစုများမှ ဆိပ်ကမ်းရပ်ကွက် အခြေခံပညာမူလတန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ယမင်းလှိုင်နှင့် တာဝန်ရှိသူများအား ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီးမှ အသင်းအမှုဆောင်ကော်မတီဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


သတင်း - စိုးနိုင်ဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)