ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ လူဦးရေစာရင်းမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေ းလုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ လူဦးရေစာရင်းမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေ းလုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ



MNP - ဒီဇင်ဘာ ၁၇


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် လူဦးရေစာရင်းပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက် ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့  မွန်းလွဲ(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။


အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးစိုးလွင်က ရပ်ကွက်/ ကျေးရွာအုပ်စု (Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးဆောင်ရွက်ရခြင်းနှင့် လူဦးရေစာရင်းမှန်ကန်ရေး မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးသည့် လုပ်ငန်းများတွင် အားလုံး ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြေပြင်စာရင်းကောက်ယူရေး အဖွဲ့ ဖွဲ့စည်းဆောင်ရွက် နိုင်ရေးအတွက်ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတန့ာ ဝန်ထမ်းများပူးပေါင်းပါဝင်ရန်လိုအပ်ပါကြောင်း၊ သင်တန်း ဖွင့်လှစ်ရာတွင်အတွက်လိုအပ်သော သင်ထောက်ကူပစ္စည်းများပေးအပ် နိုင်ရေးစသည့်လုပ်ငန်းများနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများက ကဏ္ဍအလိုက် အသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ  တက်ရောက် ခဲ့ကြကြောင်း သိရသည်။


သတင်း - အေးမဉ္ဇူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)