ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း နေပြည်တော်ရှိ အထူးကုဆေးရုံကြီးများသို့ ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပံ့ပိုးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း နေပြည်တော်ရှိ အထူးကုဆေးရုံကြီးများသို့ ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်


MNP  -  ဒီဇင်ဘာ ၂၇

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သားဖွားမီးယပ်အထူးကု ဆေးရုံကြီး(နေပြည်တော်)သို့ သွားရောက်၍ ပြင်ပလူနာဌာန၊ သားဖွားလူနာဆောင်၊ မီးယပ်လူနာဆောင်၊ သားဖွားခန်း၊ ခွဲစိတ်ခန်း၊ မွေးကင်းစကလေးလူနာဆောင်တို့ကို ကြည့်ရှုစစ်ဆေးပြီး ဆေးရုံအုပ်ချုပ်မှုဆောင်တွင် ဝန်ထမ်းများနှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မွေးကင်းစကလေးငယ်များ အသည်းရောင်အသားဝါကာကွယ်ဆေးထိုးနှံပေးရေး ညှိနှိုင်းဆောင်ရွက်ရန်၊ လမ်းညွှန်ဆိုင်းဘုတ်များ စနစ်တကျတပ်ဆင်ထားရှိရန်၊ အရေးပေါ်သားဖွားမီးယပ်လူနာများ ၂၄ နာရီ လက်ခံကုသမှုကို ဆက်လက်အားဖြည့်ဆောင်ရွက်ရန်၊ အထူးကုဆရာဝန်ကြီးများအနေဖြင့် ကုသရေးတာဝန်အပြင်သင်ကြားရေးတာဝန်ပါ ပူးတွဲတာဝန်ယူ ဆောင်ရွက်ရန်တို့ကို မှာကြားကာ လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းပေးသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကလေးအထူးကုဆေးရုံကြီး(နေပြည်တော်)သို့ သွားရောက်၍ ပြင်ပလူနာဌာန၊ ဆေးသိုလှောင်ရေးဌာန၊ ကလေးသွားနှင့်ခံတွင်းပြင်ပလူနာဌာန၊ ကာကွယ်ဆေးထိုးဌာနနှင့် Cold Room၊ အတွင်းလူနာဆောင်များ၊ မွေးကင်းစကလေးကုသဆောင်၊ လူနာစောင့်တည်းခိုဆောင်တို့ကို ကြည့်ရှုစစ်ဆေးပြီး ဆေးဝါးများအလေအလွင့်မရှိအောင် စနစ်တကျသုံးစွဲရေး၊ ကလေးကျောက်ကပ်ဆေးကုဌာန တိုးချဲ့ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် မှာကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အရိုးအထူးကုဆေးရုံကြီး (နေပြည်တော်)သို့သွားရောက်၍ အတွင်းလူနာဆောင်၊ ရောဂါရှာဖွေရေးဓာတ်ခွဲခန်း၊ CT/MRI များ၊ သွေးလှူဘဏ်တို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လူနာများကုန်ကျစရိတ်သက်သာစေရေး အခမဲ့ဆေးကုသမှုနှင့်ဓာတ်ခွဲစစ်ဆေးမှုများညှိနှိုင်းပံ့ပိုးဆောင်ရွက်ပေးရန်၊ ဆေးရုံပတ်ဝန်းကျင်သန့်ရှင်းရေး အားဖြည့်ဆောင်ရွက်ရန်နှင့် အထူးကုဘာသာရပ်အလိုက် နည်းပညာဖလှယ်နိုင်ရေးဆွေးနွေးပွဲများ ပုံမှန်ပြုလုပ်သွားရန်မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)