ချမ်းမြသာစည်မြို့နယ်တွင် အခြေခံလူတန်းစား ပြည်သူများအတွက် ဈေးနှုန်းသက်သာသော ထမင်းဘူးများ ဆက်လက်ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချမ်းမြသာစည်မြို့နယ်တွင် အခြေခံလူတန်းစား ပြည်သူများအတွက် ဈေးနှုန်းသက်သာသော ထမင်းဘူးများ ဆက်လက်ရောင်းချ



MNP  -    ဒီဇင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အခြေခံလူတန်းစားပြည်သူများ စား၀တ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် ဈေးနှုန်းသက်သာသော ထမင်းဘူးများ ရောင်းချပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက အောင်ပင်လယ်ရပ်ကွက်၊ ၁၀၆×၅၂ လမ်းထောင့် အကွက် ဆဆ-၈ ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ဈေးနှုန်းသက်သာသော ထမင်းဘူးများ ရောင်းချပေးခြင်းနှင့် ပတ်သက်၍မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကျော်မျိုးနိုင်က ပြောကြားရာတွင် “ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စီစဉ်ကြီးကြပ်မှုနဲ့အခြေခံ လူတန်းစား ပြည်သူများအတွက် အဓိကထားပြီး ထမင်းဘူးများကို ဈေးနှုန်းသက်သာစွာ တစ်ဘူးကို ၅၀၀/ကျပ် နှုန်းနဲ့ ရောင်းချပေးခြင်း ဖြစ်ပါတယ်။ မန္တလေးမြို့ပေါ် (၅) မြို့နယ်မှာ လူစည်ကားရာနေရာတွေ ဈေးတွေမှာ မနက် ၁၀ နာရီက စပြီး ရောင်းချပေးနေတာပါ။ စနေ၊ တနင်္ဂနွေ နှစ်ရက်ကလွဲပြီး ကျန်တဲ့ရက်တွေမှာ ရောင်းချပေးနေတာ ဖြစ်ပါတယ်- အခြေခံလူတန်းစားပြည်သူတွေအတွက် အဆင်ပြေစေချင်တာပါ။ တစ်ချို့ဆို ကျွန်တော်တို့လာရောင်းမယ့် အချိန်ကိုစောင့်နေပြီး လာရောက်၀ယ်ယူစားသောက်ကြပါတယ်။ ထမင်းဘူးတွေမှာ ထမင်း၊ အသားဟင်း တစ်မျိုး၊ အရံဟင်းနှစ်မျိုးပါပြီး သန့်ရှင်းစွာချက်လုပ် ရောင်းချပေးခဲ့ပါတယ် ” ဟုပြောကြားခဲ့သည်။


ထမင်းဘူးများ ရောင်းချပေးခြင်း အစီအစဉ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်နှင့် အဖွဲ့၀င်များက အနီးကပ်ကြီးကြပ်၍ ၀န်ထမ်းများက စနစ်တကျရောင်းချ ဆောင်ရွက်ပေးလျက်ရှိသည်။ ဈေးနှုန်းသက်သာစွာဖြင့် ထမင်းဘူးများ ရောင်းချပေးခြင်း အစီအစဉ်ကို မြို့နယ်အတွင်းရှိဈေးများ၊ လူစည်ကားရာ‌ နေရာများတွင် အလှည့်ကျစနစ်ဖြင့် ရောင်းချ‌ပေးသွားမည် ဖြစ်ကြောင်းသိရသည်။


ခင်စိမ်း၀င်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)