ကျောက်ကြီးမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ကြီးမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ


MNP  -   ဒီဇင်ဘာ   ၃၁

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အနော်ရထာလမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၉ နာရီအချိန်က ပဲခူးရပ်ကွက်ရှိ အနော်ရထာလမ်းဖွင့်ပွဲမုခ်ဦးရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။


လမ်းသစ်ဖွင့်ပွဲတွင် ရှေးဦးစွာ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက လမ်းနှင့်ပတ်သက်သောအချက်အလက်များအား ရှင်းလင်းပြောကြားရာ ယခုဖွင့်လှစ်သည့် အနော်ရထာကွန်ကရစ်လမ်းသည် ပေအရှည်(၁၇၈၀)ပေ၊ အကျယ်(၁၆)ပေ၊ အမြင့်(၈)လက်မရှိ ကွန်ကရစ်လမ်းဖြစ်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်ဘတ်ဂျက်မှ ၉၃၆၀၀၀၀၀/-(ကျပ်ကိုးရာသုံးဆယ်ခြောက်သိန်းကျပ်)ဖြင့် တော်ဝင်ရွှေရောင်မြေကုမ္ပဏီမှ လုပ်ငန်းတင်ဒါစနစ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေနဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ မြို့တွင်းကွန်ကရစ်လမ်း(၈)လမ်း၊ ကျောက်ချောလမ်း(၃)လမ်း၊ စုစုပေါင်းလမ်းအရှည်(၁)မိုင် (၄.၇၈)ဖာလုံအား ခွင့်ပြုရန်ပုံငွေကျပ်(၃၀၇.၆၁)သန်းဖြင့် ကျခံသုံးစွဲဆောင်ရွက်သွားမှာဖြစ်ပြီး မြို့တွင်းလမ်းများ တိုးတက်ကောင်းမွန်စေရေးအတွက် လက်ရှိကတ္တရာလမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း၊ မြို့တွင်းလမ်းဘေးဝဲ/ယာ ရေမြောင်းများနှင့် ပင်မရေမြောင်းများအား ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်းတို့ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေနဲ့ ပြည်သူများနှင့်ပူးပေါင်း၍ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ဖွင့်လှစ်သည့် အနော်ရထာလမ်း ကွန်ကရစ်လမ်းသစ်အား ရေရှည်တည်တံ့ကောင်းမွန်စွာ အသုံးပြုစေနိုင်ရေးအတွက် ရပ်ကွက်နေပြည်သူများမှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ပူးပေါင်းပါဝင် ထိန်းသိမ်းသွားကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။


ဆက်လက်ပြီးဒေသခံ ရပ်မိရပ်ဖဦးကြည်ဝင်းက အနော်ရထာလမ်းအား ဒေသခံပြည်သူများအတွက် သွားလာရေးလွယ်ကူစေရန် ကွန်ကရစ်လမ်းခင်းပေးသည့်အတွက် ကျောက်ကြီးမြို့နေ လုပ်သားပြည်သူအားလုံး လမ်းပန်းလွယ်ကူချောမွေ့၍ စိတ်လက်ကြည်သာစွာဖြင့်သွားလာနိုင်ကြပြီး လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးစသည့်အဘက်ဘက်မှ တိုးတက်ဖွံ့ဖြိုးစေရန်အထောက်အကူပြုလျက်ရှိသည့်အတွက် မြို့နယ်တာဝန်ရှိသူများနှင့် စည်ပင်သာယာရေးအဖွဲ့အား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးခွန်ဆန်းမင်းထွန်းမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအား လမ်းဖွင့်ပွဲအထိမ်းအမှတ်အလံအား ပေးအပ်ခဲ့သည်။


ထို့နောက် ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့မှ အနော်ရထာလမ်း ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)