ငပုတောမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်းကြီးကြပ်မှုကော်မတီနှင့် သွင်းအားစုအဖွဲ့ သဘောတူစာချုပ် ချုပ်ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်းကြီးကြပ်မှုကော်မတီနှင့် သွင်းအားစုအဖွဲ့ သဘောတူစာချုပ် ချုပ်ဆို


MNP  -   ဒီဇင်ဘာ  ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ပဲတီစိမ်းနှင့် နွေစပါးစိုက်ပျိုးထုတ်လုပ်ခြင်း လုပ်ငန်းကြီးကြပ်မှုကော်မတီနှင့် သွင်းအားစုအဖွဲ့တို့ သွင်းအားစုဝယ်ယူရေးအတွက် သဘောတူစာချုပ်ချုပ်ဆိုခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူ၊ အာမိုကုမ္မဏီမှ(ကိုယ်စားလှယ်များ)နှင့်  သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။


အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူက ဆွေးနွေးပြောကြားရာတွင် စျေးနှုန်းသက်သာပြီး အရည်အသွေးပြည့်ဝသော သွင်းအားစုများကိုအသုံးပြုခြင်းဖြင့် သီးနှံအထွက်နှုန်းတိုးတက်လာအောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း တောင်သူများအနေဖြင့် ဝင်ငွေအပိုရရှိစေပြီး  နိုင်ငံစီးပွားမြှင့်တင်နိုင်မည်ဖြစ်ကြောင်းနှင့် ငပုတောမြို့နယ်သည် ရေလမ်းခရီးကိုသာ အသုံးပြု၍ သွားလာရသည့် ဒေသဖြစ်သောကြောင့် သယ်ယူပို့ဆောင်ရေးတွင် ကုန်ကျစရိတ်သက်သာစေရေးနှင့် လွယ်ကူစေရေးတို့အတွက် အခြားဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးထွန်းမျိုးသန့်က စာချုပ်ပါအချက်အလက်များကို ရှင်းလင်းပြောကြားခံ့ရာ အာမိုကုမ္မဏီ(ကိုယ်စားလှယ်) ဦးထွန်းမင်းလတ်က ဓါတ်မြေသြဇာနှင့်အခြားပိုးသတ်ဆေး၊ မှိုသတ်ဆေးတို့၏ ဆေးအာနိသင်နှင့် အသုံးပြုပုံများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ပဲတီစိမ်းနှင့် နွေစပါးစိုက်ပျိုးထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်ရန် လုပ်ငန်းကြီးကြပ်မှုကော်မတီနှင့် သွင်းအားစုအဖွဲ့တို့ သွင်းအားစုဝယ်ယူရေး သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြကြောင်း သိရသည် ။


အောင်သူ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)