ကျိုက်ထိုမြို့နယ် အထက(၂)၌ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ် အထက(၂)၌ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲပြုလုပ်





MNP -  ဒီဇင်ဘာ ၂၉

    မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် အမှတ် (၂)အခြေခံပညာ အထက်တန်းကျောင်း၌

ကျောင်းအခြေပြု ရှေးဦးပြုစုခြင်းအခြေခံ သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၁ နာရီခွဲတွင်အဆိုပါ ကျောင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။


   အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (အဖွဲ့ဝင် )ဦးရဲနိုင်အောင် က သင်တန်းဆင်းအမှာစကားပြောကြားပြီး မြိုနယ်ကြက်ခြေနီတပ်ဖွဲ့ တပ်ဖွဲ့မှူး ဦး‌ဆန်းဝင်းအောင်က ရှေးဦးပြုစုခြင်း သင်တန်းသည်ရက်တိုသင်တန်းဖြစ်သော်လည်းသင်တန်းသားသင်တန်းသူများအတွက် တန်ဖိုး မဖြတ်နိုင်သည့်သင်တန်းတခု ဖြစ်ကြောင်း သင်တန်း၌ စာတွေ့လက်တွေ့သင်ကြားရသော်လည်းပျော်ရွှင်စွာ တက်ရောက်သင် ကြားခဲ့သည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်းပြောကြားခဲ့သည်။


        ထို့နောက်ကျောင်းအုပ်ဆရာမကြီးဒေါ်သီသီဝင်း က သင်တန်းဖြစ်မြောက်အောင်

ဝိုင်းဝန်းကူညီပေးခဲ့ကြသည့်မြို့နယ်ရှိတာဝန်ရှိသူများနှင့် သင်တန်းနည်းပြများအားကျေးဇူးတင်စကားပြောကြားခဲ့သည်။


      ဆက်လက်၍ သင်တန်းတွင်ထူးချွန်စွာအောင်မြင်ခဲ့သည့်သင်တန်းသားသင်တန်းသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပြီးသင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများကအသီးသီး ပေးအပ်ရာသင်တန်း သားသင်တန်းသူများကနည်းပြဆရာများအားဂုဏ်ပြုလက်ဆောင်များပြန်

လည်ပေးအပ်ကာ သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။


       အဆိုပါကျောင်းအခြေပြု ရှေးဦးပြုစုခြင်းအခြေခံသင်တန်းအားဒီဇင်ဘာ(၃)ရက်နေ့ မှ(၂၄)ရက်နေ့ထိအပတ်စဉ်‌ စနေနေ့များတွင် ဖွင့်လှစ်သင်ကြားခဲ့ကြောင်းသိရသည်။ 


ဝင်းမောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)