ပုဏ္ဏားကျွန်းမြို့၌(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ကလပ်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ကလပ်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ





MNP  -   ဒီဇင်ဘာ ၃၁

    (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဖလား ကလပ်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့၊ ညနေ (၃)နာရီက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ မြို့နယ်အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိသည်။


အဆိုပါအားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်း အနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းက ပြိုင်ပွဲဝင် လူငယ်အားကစားသမားများ အချင်းချင်း ချစ်ခင်ရင်းနှီးကြစေရန်၊ မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ဖူဆယ်ဘောလုံး ပြိုင်ပွဲ ကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပြီး၊ ဖူဆယ်ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ် ပေးခဲ့သည်။


  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖူဆယ်ဘောလုံး ပြိုင်ပွဲတွင် လူငယ်ကလပ်အသင်း(၁၂) သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ ကျား/မ မီတာ(၁၀၀)အပြေးပြိုင်ပွဲနှင့် ခေါင်းအုံးရိုက်ပြိုင်ပွဲ စသည်တို့ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့အထိ၊ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပသွားမည့်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီထံမှသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)