ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်အဆင့် ကျောင်းတွင်း အားကစားပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်အဆင့် ကျောင်းတွင်း အားကစားပြိုင်ပွဲ ကျင်းပ

 



MNP - ဒီဇင်ဘာ   ၅


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၌ မြို့နယ်အဆင့် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ပြိုင်ပွဲဝင် အားကစားသမားများက ကွင်းအတွင်းသို့ ချီတက်နေရာယူကြပြီး နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် အားကစားသံဓိဠာန်ရွတ်ဆိုကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က အဖွင့်အမှာစကားပြောကြားသည်။


ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်က ကျန်းမာသန်စွမ်းသော၊ ဉာဏ်ရည်မြင့်မားသော၊စာတော်သော ကျောင်းသား/ သူများဖြစ်အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဒေါ်ဂျူးဂျူးမက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ၊ ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ထို့နောက် Grade-5 သမီးငယ်များမှ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ၁+၂ သရုပ်ပြသခြင်း၊ ကျောင်းသူသမီးများမှ Batterfly သီချင်းဖြင့် ကပြဖျော်၍လည်းကောင်း၊ မြန်မာ့အားကစားကမ္ဘာကိုလွှမ်းရမည် သီချင်းဖြင့်လည်းကောင်း၊ စည်းလုံးခြင်းသီချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေခဲ့ပြီး၊ ပွဲစဉ်(၁) ဘောလုံးအားကစားပွဲအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကွင်းထဲသို့ ဘောလုံးကန်သွင်း၍ ကွင်းဖွင့်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ အားကစားပြိုင်ပွဲတွင် အမျိုးသား/ အမျိုးသမီးဘောလုံးအသင်း  ၂၂ သင်း ပါဝင်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး ပြိုင်ပွဲကို ဒီဇင်ဘာ ၅ ရက်မှ ၁၀ ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - အေးမဉ္ဇူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)