MNP - ဒီဇင်ဘာ ၂၇
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများကိုသိရှိစေရန် အလုပ်ခေါ်ကြော်ငြာစာများကို နံရံကပ်ပြဘုတ်တွင် ယနေ့မွန်းလွဲ ၁ နာရီ အချိန်က ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ပြသခဲ့သည်။
အဆိုပါနံရံကပ်စာစောင်တွင် ဘွဲ့ရရှိပြီး လုပ်ငန်းခွင်သို့ဝင်ရောက်ရန် စောင့်နေသူများနှင့် တက္ကသိုလ်ဝန်တန်းအောင်မြင်ပြီး လုပ်ငန်းခွင်ဝင်ရောက်လိုသူများကို အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်ရည်ရွယ်၍ ကြော်ငြာစာများကို တစ်လလျှင် (၂) ကြိမ် ကြောငြာစာများ ပြသသွားမည် ဖြစ်ကြောင်း မြို့ဦးစီးမှူးဒေါ်သန်းသန်းလေးက ရှင်းလင်းပြောကြားခဲ့ရာ ပြည်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment