ဇေယျာသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲ မဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇေယျာသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲ မဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

 




MNP - ဒီဇင်ဘာ ၄


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာအုပ်စု၊ ကျောက်ချက်ကျေးရွာရှိ ဓမ္မသုခလယ်ပြင်ကျောင်းတိုက်ဓမ္မာရုံ၌ ဒုတိယအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော် ကောင်စီမှကြီးမှူး၍ ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။


အခမ်းအနားသို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တဝိစိတ္တသာရ၊ မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ စည်ပင်ရွာဦးကျောင်းတိုက် ပဓါနနာယက၊ ဘဒ္ဒန္တဣန္ဒာစက္ကနှင့် ပင့်သံဃာတော်များ၊  နေပြည်တော်ကောင်စီဝင်ဦးဇေယျာလင်းနှင့် ဇနီးဒေါ်ကလျာထွေး၊ ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် တက်ရောက်လာသူများက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားမှူးက ဒေဝနိမန္တနဂါထာကို ဖတ်ကြား၍ နတ်ဗြဟ္မာများကို ပင့်ဖိတ်ကာ ဇေယျာသီရိမြို့နယ်၊ သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် စည်ပင်ရွာဦးကျောင်းတိုက် ပဓာနနာယက၊ ဘဒ္ဒန္တဣန္ဒာစက္က မထေရ်မြတ်ထံမှ ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ အခမ်းအနားမှူးက ပဋ္ဌာန်းရောင်ခြည်တော်ဖွင့် ဂါထာကိုရွတ်ဖတ် ပူဇော်ခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီဝင်က ဆရာတော်သံဃာတော်များထံ ပဋ္ဌာန်းကျမ်းစာအုပ်၊ ပဋ္ဌာန်းပရိတ်ပန်းအိုးနှင့် ပရိတ်ရေများ ဆက်ကပ်ခဲ့ကြောင်း၊ ဆရာတော် သံဃာတော်များ ဦးဆောင်၍ ပရိသတ်အားလုံးက ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကို သုံးကြိမ်ရွတ်ဖတ်ပူဇော်ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး အလှည့်ကျ ပဌာနဘာဏက သံဃာတော်မှစ၍ မဟာသမယသုတ်နှင့် ပဋ္ဌာန်းဒေသနာတော်ကို စတင်ရွတ်ဖတ်ပူဇော်ခဲ့သည်။


အဆိုပါ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဒီဇင်ဘာလ ၃ ရက်နေ့မှ ၇ ရက်နေ့ထိ ရွတ်ဖတ် ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ထွန်းလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)